《82》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]

7.9K 1.6K 57
                                    

[Zawgyi]

ထိုသက်လတ်ပိုင်းလူကြီးက တစ်ခဏလောက်
လေးလေးနက်နက်တွေးပြီးနောက်
သွေးရူးသွေးတန်းထအော်သည်။
"ငါက လူ့ပတ်ဝန်းကျင်ကောင်းဖို့အတွက်လုပ်နေတာ။နိုင်ငံတော် သာယာဖို့လေ!ဘာလို့ ငါကဖမ်းခံရမှာလဲ..ဘာလို့လဲ"

စုပေတံတွေးတစ်ချို့မျိုချလိုက်ကာ သူ့စကားအတိုင်း
သံယောင်လိုက်သည်။
"ဟုတ်တယ်။ဟုတ်တယ်။မင်းက လူကောင်းတစ်ယောက်
ပါ!"

သေချာတာပေါ့။သူက ထေ့ငေါ့ပြောလိုက်တာပါ။
သက်လက်ပိုင်း လူကြီးကစုပေ အာချောင်၊အာချောင်
လုပ်နေတာကို ထပ်မကြားချင်တော့ဘူး။
ထို့ကြောင့် ဓားကိုစုပေမျက်နှာရှေ့သို့ ပြန်ထားကာ မေးလိုက်သည်။
"ပြောစမ်း!မင်းဘယ်အပိုင်းကို စားချင်လဲ"

ပြီးခါနီးနေပြီ။စုပေလက်ကလည်း နာကျင်မှုကြောင့်
ထုံကျင်နေသည်။
"ငါလူသားမစားချင်ဘူး။မင်းအခြား အသားတစ်ခုခု
ပြောင်းလို့ရလား။ဥပမာ ကြက်သားတို့ ဝက်သားတို့
ပေါ့"

သက်လက်ပိုင်းလူကြီးက စုပေခြေထောက်ကို
ဓားနဲ့ထိုးလိုက်တယ်။ရုတ်တရက်ဖြစ်ပေါ်လာသည့်
နာကျင်မှုကြောင့် စုပေမျက်နှာ ရှုံ့မဲ့သွားသည်။

ထိုလူကြီးက ရက်စက်ယုတ်မာစွာပြုံးလိုက်ရင်း ,
"ပေါင်သားလည်း အသားပဲ!"

ထို့နောက် သူဓားကိုပြန်ဆွဲထုတ်လိုက်သည်။
ဒါပေမယ့် သူထပ်ထိုးတော့မည့်အချိန်မှာပဲ စုပေလက်က
ကြိုးပြေသွားကာ သူ့ကိုပိတ်ကန်ပြီး
ထွက်ပြေးသွားခဲ့သည်။

သူတို့က တကယ်စွန့်ပစ်ထားတဲ့စက်ရုံတစ်ခုမှာ
ရောက်နေတာ။ဒါကဘာမှမဖြစ်ပေမယ့် အပြင်ဘက်
မှာတော့ ကျောက်ခဲတွေအုတ်ခဲကျိုးတွေရှိနေတယ်။
အခုထိလည်း မိုးသည်းစွာရွာနေသည့်အတွက်
လမ်းကိုမြင်ဖို့ခက်သည်။ဒါပေမယ့် စုပေသာ
အသက်ရှင်ချင်ရင် ရွေးချယ်စရာမရှိဘူး ထွက်ပြေးရ
မည်။

သူကြုံရာလမ်းကိုရွေးကာ နာကျင်မှုကိုတောင့်
ခံရင်း ပြေးသည်။သူ့နောက်ကနေ လိုက်လာသည့်
ခြေသံကိုကြားနေရသည့်အတွက် သူ
နှလုံးသားက ပြင်းထန်စွာခုန်နေသည်။သူ
လမ်းတော်တော်များမျာကို ကွေ့ပတ်ပြေး
ပြီးနောက် ပျက်စီးနေသည့်အသီးအနှံခင်းထဲသို့
ရောက်လာသည်။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Wo Geschichten leben. Entdecke jetzt