《83》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]

8.1K 1.5K 63
                                    

[Zawgyi]

ရှောက်ချင်းရန်က စုပေကိုသူ့လက်မောင်းကြားထဲ
ပွေ့ဖက်ထားကာ စိတ်ထဲကနေအပြစ်တင်နေသည်။
ဘာလို့ဒီလို တုံးအတဲ့သူမျိုးရှိနေရတာလဲ။
သူသေနိုင်တယ်ဆိုတာ သိရဲ့နဲ့ သူ့(ရှောက်ချင်းရန်)
ကိုကယ်ဖို့ကြိုးစားခဲ့တယ်။

748 :"ဆွဲဆောင်ခြင်းယူနစ်ဘားတန်း 10% တိုးလာပါသည်။တိုးတက်မှုဖြစ်စဉ် 60% ပါ"

စုပေစိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တွေတောင်ကျ
လာသည်။သူမသေတဲ့အပြင် ယူနစ်ဘားတန်းတောင်
တိုးလာသေးတယ်။နောက်ဆုံးတော့ စုပေရဲ့
ကံမကောင်းခြင်းတွေက ကံကောင်းခြင်း
အဖြစ်သို့ပြောင်းလဲသွားပြီလား။

ရှောက်ချင်းရန်က စုပေခါးကိုတင်းတင်းဖက်ထားကာ
သူ့မျက်နှာကလည်း အရင်လိုနူးညံ့မနေတော့ဘူး။
သူ့မျက်လုံးတွေက နွေးထွေးမှုလုံးဝမရှိတော့ဘဲ
ပိုပိုပြီးရန်လိုလာသည်။delivery သမားက
ဖမ်းမိသွားပြီဖြစ်ကာ နောက်ဆုံးတစ်ခေါက်
သူတို့စခန်းချခရီးထွက်တုန်းက ပါလာသည့်
လူတွေထဲကတစ်ယောက်က ရဲဝတ်စုံဖြင့်
သူတို့ရှေ့သို့ရောက်လာသည်။

"မင်း အဆင်ပြေရဲ့လား"

ရှောက်ချင်းရန်က စုပေ၏သွေးထွက်နေတဲ့
ခြေထောက်ကဒဏ်ရာကို ညွှန်ပြလိုက်သည်။
ဒဏ်ရာက ကြီးမားကာ အခုထိသွေးထွက်နေတုန်း...

ထိုသူက စုပေကိုရဲကားဆီမြန်မြန်ခေါ်တင်ကာ ဆေးရုံသို့ပို့ပေးခဲ့သည်။ကံကောင်းစွာနဲ့ပဲ ဒဏ်ရာက
အဓိကအစိတ်ပိုင်းတွေကို မထိခိုက်ထားဘူး။
ဒါပေမယ့် အားပြန်ပြည့်အောင်တော့
အချိန်အတော်ကြာ အနားယူဖို့လိုအပ်သည်။

မေမေစုတို့က ထိုအကြောင်းကြားတော့
ညတွင်းချင်းပြန်လာခဲ့ကြသည်။စုပေတောင်
ဘာမှမပြောရသေးခင် သူမကတရှုပ်ရှုပ်ငိုယိုကာ
သူမသာဒီလိုဖြစ်မယ်မှန်းသိရင် ခရီးထွက်သွားခဲ့
မှာမဟုတ်ကြောင်း ပြောသည်။စုပေက သူမရဲ့
အဖိုးတန်လေးဖြစ်တဲ့အတွက် အခုသူမနှလုံးသား
သွေးစိမ်းရှင်ရှင်ထွက်နေသည်။

သူမ အကန့်အသတ်နဲ့ထုတ်ဝေထားတဲ့ အိတ်တွေမလို
ချင်ပါဘူး။ဘယ်အရာကမှ သူမသားနဲ့မယှဉ်နိုင်ဘူး။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Hikayelerin yaşadığı yer. Şimdi keşfedin