[Unicode]
《သည်းမခံနိုင်တော့ဘူး အမေ့အိမ်ပြန်မယ်》
တစ်နည်းပြောရမယ်ဆိုရင်တော့ စုပေစားသုံးခြင်းခံလိုက်ရပါတယ်။သူရေငန်ငါးသေတစ်ကောင်လိုအိပ်ယာပေါ်လဲလျောင်းရင်း တစ်ချက်လေးတောင်မလှုပ်ချင်ဘူး။
"748 , ငါ့ကိုစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောထိခိုက်မှုဖြစ်တဲ့အတွက်လျော်ကြေးတောင်းတယ်!!"
748 : "Host အခုမှနေ့လည်ဘဲရှိသေးတယ်ကျေးဇူးပြုပြီး အိမ်မက်မက်နေတာတွေရပ်လိုက်ပါတော့"
စုပေရင်ထဲအသဲထဲကနေ လက်ခလည်ထောင်ပြလိုက်သည်။
သောက်ကျိုးနည်းရွံ့စရာကောင်းတဲ့ system !ဖုန်းရှင်းလန်သူ့ပါးကိုနမ်းလိုက်ကာ , "ဒီနေ့ဆန်ပြုတ်သောက်မလား"
စုပေဖုန်းရှင်းလန်မျက်နှာကြီးကိုတွန်းထုတ်လိုက်သည်။
"ဝေးဝေးသွားစမ်းပါ!ကျွန်တော်တစ်ယောက်ထဲနေချင်တယ်"
ဖုန်းရှင်းလန်မျက်လုံးများအနည်းငယ်မှေးမှိန်သွားရင်း ,
"မင်းငါ့ကိုမလိုချင်တော့ဘူးလား"
စုပေခေါင်းကိုတစ်ဖက်သို့စောင်းရင်းအမူအယာမဲ့စွာပြောလိုက်သည်။
"ခင်ဗျားကကျွန်တော်လိုချင်တဲ့နောက်ဆုံးသောသူပဲ"
ထိုအခါမှဖုန်းရှင်းလန်ပြုံးကာ , " မင်းဒီနေ့သိပ်တက်ကြွနေသလိုပဲ"စုပေခန္ဓာကိုယ်နည်းနည်းကျုံ့သွားရင်း ဖုန်းရှင်းလန်ကိုကြည့်ကာတစ်ခုခုပြောချင်ပေမယ့် ချက်ချင်းလက်လျော့လိုက်သည်။ဒါပေမယ့်စုပေဘယ်လိုပဲရူးသွပ်စွာလိုက်နာပြုမူပါစေ ဆွဲဆောင်ခြင်းယူနစ်ဘားကတော့ နည်းနည်းလေးမှတက်မလာဘူး။နည်းနည်းလေးတောင်မပြောင်းလဲသွားသဖြင့် စုပေစိတ်ဆိုးမာန်ဆိုးဖြစ်သွားသည်။သူအခြေအနေမကောင်းနေသဖြင့် တစ်နေ့လုံးအိပ်ယာပေါ်တွင်သာလှဲလျောင်းနေရသည်။ဖုန်းရှင်းလန်ကဆန်ပြုတ်ပန်းကန်နှင့်လိမ်းဆေးကိုပါယူကာအိပ်ခန်းထဲဝင်လာသည်။
စုပေဆန်ပြုတ်သောက်ဖို့ဇွန်းကိုင်လိုက်ပေမယ့် လက်ကတုန်ယင်နေသောကြောင့်ဖိတ်ကျကုန်သည်။ဖုန်းရှင်းလန်ကနူးညံ့စွာဖြင့် , "မင်းကကိုယ့်ကိုကိုယ်ဂရုမစိုက်ဘူးပဲ။မပူပါနဲ့ကိုယ်မင်းကိုဆေးလိမ်းပေးပြီးရင်ခွံ့ကျွေးပါ့မယ်။"
စုပေချက်ချင်းအရူးတစ်ယောက်လို ခေါင်းယမ်းပစ်သည်။
မလုပ်ရဘူး!ငါငြင်းတယ်!!ဘာဆေးမှလာမလိမ်းပေးနဲ့!!
ဖုန်းရှင်းလန်သူ့စောင်ကိုဆွဲချသောအခါ သူချက်ချင်းခုခံတော့သည်။ထို့ကြောင့်ဖုန်းရှင်းလန်ကအကူအညီမဲ့နေသောလေသံဖြင့် ,
"မင်းအဲ့နားလေးကိုဆေးမလိမ်းရင် နာနေမှာပေါ့"
YOU ARE READING
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...