《123》[မိသားစု အရှုပ်​တော်ပုံ]

4.4K 744 3
                                    

[Zawgyi]

သခင်မစုအနေနဲ့ သူ့ဗိုက်ထဲကထွက်လာတာမဟုတ်တဲ့
ကလေးကို ဘယ်လိုလုပ်စုမိသားစုရဲ့ပိုင်ဆိုင်မှုတွေအကုန်
လုံးကို ပေးချင်ပါ့မလဲ။ထို့ကြောင့် နောက်ကွယ်ကနေ
စုပေကို စွန့်ပစ်ခံသားဖြစ်သွားအောင် ကြံစည်တော့သည်။

စုရှီသည် အခြားသူများနှင့်သူ့အဖေလုပ်ငန်းကိစ္စတွေ
ဆွေးနွေးနေတာပြီးတဲ့ချိန်ထိ စိတ်မရှည်စွာစောင့်နေခဲ့သည်။သူ့အဖေထွက်လာတာကို မြင်သည့်အခါ ,
"အဖေ...သမီးလူတစ်ယောက်ကိုတွေ့လိုက်တယ်"

သူမအဖေက ပုံမှန်အတိုင်းပဲမေးလိုက်သည်။
"ဒီတစ်ခါရော မင်းဘယ်သူ့ကိုကြိုက်သွားပြန်ပြီတုန်း?"

စုရှီသည် စိတ်မရှည်စွာပြောလိုက်၏။
"မဟုတ်ဘူး...လိုက်မှာသာလိုက်ခဲ့ပါအဖေရာ"

သူမအဖေသည် သူမနှင့်အတူခန်းမထဲသို့လိုက်လာ
ခဲ့သည်။ထို့နောက်
စုရှီသည် စုပေနှင့်ဟန်စန်းရီထံသို့ညွှန်ပြလိုက်ကာ ,
"အဖေ...အဲ့မိန်းမက စုပေနဲ့မတူနေဘူးလား"

သူမအဖေသည် မျက်မှောင်ကျုံ့သွားကာ ,
"အဲ့တစ်ယောက်က ဘယ်သူလဲ"

စုရှီ မဲ့ပြုံးပြုံးလိုက်ရင်း ,
"ဟန်စန်းရီပြောတာတော့ အဲ့တစ်ယောက်ကစုပေရဲ့
ဝမ်းကွဲတဲ့။အဖေ...သမီးမှာဝမ်းကွဲတစ်ယောက်
ရှိသေးတာလားဟင်"

သူမအဖေ၏မျက်နှာသည် ကြောက်စရာကောင်းလှ
အောင် မည်းမှောင်သွားချေသည်။သူအံတင်းတင်း
ကြိတ်ကာ ပြောလိုက်တယ်။
"မနက်ဖြန် စုပေကိုအိမ်ပြန်ခေါ်လာခဲ့"

စုရှီ 'ဟုတ်ကဲ့ပါ' ဟူ၍ခေါင်းညိမ့်ရင်းပြောလိုက်သည်။
ပြီးခဲ့တဲ့အချိန်တုန်းက စုပေတစ်ယောက်အခြားသူ
တစ်ယောက်ရဲ့အခွင့်ကောင်းယူခံရတော့မလို
ဖြစ်သွားခဲ့တယ်။ဒီတစ်ကြိမ်မှာတော့ ဟန်စန်းရီသည်
စုပေဘေးနားမှ တစ်ဖဝါးတောင်မခွာခဲ့။

သူဘယ်သူ့ကိုဘဲတွေ့ချင်နေပါစေ...ထိုနေရာသို့
စုပေကိုသာ ခေါ်သွားခဲ့သည်။တွေ့သမျှလူတိုင်းက ဟန်စန်းရီသည်သူ့မိန်းမကိုအရမ်းအလိုလိုက်တယ်
ဆိုပြီး ပြောကြသည်...မဟုတ်ရင် သူမကို
သွားသမျှနေရာတိုင်း ခေါ်သွားမှာမဟုတ်ဘူးလေ။
သို့သော်လည်း သာမာန်တွေနားမထောင်နိုင်တဲ့
အတွင်းသတင်းစကားတွေကတော့ ရှိစမြဲ။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Donde viven las historias. Descúbrelo ahora