[Zawgyi]
အို စုပေမှတ်မိပြီ။သူ့ကောင်မလေးက စိတ်လှုပ်ရှား
စရာတွေကိုနှစ်သက်ပေမယ့် မူလစုပေကတော့
ကြောက်တတ်သည်။ထို့ကြောင့် သူ့ကောင်မလေးကို
ပြင်းပြင်းထန်ထန်အားကစားနည်းတွေ လုပ်ခွင့်မပြု။စုပေ သက်ပြင်းချလိုက်ကာ ,
"မင်းစိတ်တိုင်းကျလုပ်နိုင်ပါတယ်"ကောင်မလေးက စုပေကိုမျက်လုံးဝိုင်းကြီးများဖြင့်
စိုက်ကြည့်ရင်း ,
"နင် ဘာတွေပြောနေတာလဲ။နင် နှစ်သိမ့်တဲ့စကား
လေးတွေမပြောနိုင်ဘူးလား"ထို့နောက်သူမက နီရဲနေသောသူမရဲ့ဒူးခေါင်းများကို
ပြသည်။စုပေ ချောင်းဟန့်လိုက်ကာ ,
"ငါနင့်ကို ပိုပြီးစိတ်လှုပ်ရှားစေတဲ့ စကားပြောစရာ
ရှိတယ်"ကောင်မလေးက မျက်လုံးလှန်ပြလိုက်ကာ ,
"ဘာလဲ လက်ထပ်ခွင့်တောင်းမလို့လား"စုပေက သူမခေါင်းကိုပွတ်သပ်ပေးလိုက်ကာ ,
"လမ်းခွဲကြရအောင်"ကောင်မလေးက မယုံကြည်နိုင်ဖြစ်သွားကာ
သူမမျက်လုံးများပြူးကျယ်လိုက်ပြီး သူမလေသံ
လည်းကျယ်သွားသည်။
"နင်ထပ်ပြောကြည့်စမ်း!!"စုပေက စကားတစ်လုံးချည်းစီကို အလေးအနက်ထား
ကာပြောလိုက်သည်။
"လမ်းခွဲကြစို့"ကောင်မလေး၏မျက်လုံးများ စိုစွတ်သွားသည်။
ခဏလောက်တိတ်သွားပြီးနောက် သူမကမေးလာသည်။
"ဘာလို့လဲ"စုပေက ပြန်ဖြေသည်။
"ငါတို့ကတစ်ယောက်နဲ့တစ်ယောက်
မသင့်တော်ဘူး။ဒါကမကောင်းဘူးလား။
အနာဂတ်မှာ မင်းသဘောကျတဲ့အရာမှန်သမျှ
လုပ်နိုင်ပြီလေ"ထိုကောင်မလေးက စုပေလက်မောင်းကြားထဲသို့
ဝင်လာကာ ခါးကိုတင်းတင်းဖက်လိုက်ပြီး ,
"မဟုတ်ဘူး!ငါမှားပါတယ်။ငါ ပြင်းပြင်းထန်ထန်
အားကစားနည်းတွေကို ဘယ်တော့မှထပ်မလုပ်တော့
ပါဘူး။ငါ့ကိုလမ်းမခွဲသွားပါနဲ့...ဟုတ်ပြီလား"စုပေ စိတ်ပျက်သွားတယ်။အားကစားကလပ်ထဲက
လူတွေကလည်း သူ့ကိုသတ်ချင်သည့်မျက်လုံးများ
ဖြင့်ကြည့်လာသည်။သူက ကောက်ကျစ်တဲ့
အသဲခွဲသမားကဲ့သို့ ဖြစ်နေသည်။စုပေ
အကူအညီမဲ့စွာပြောလိုက်တယ်။
"အရင်ဆုံး တစ်ခုခုသွားစားကြရအောင်။ငါမင်းကို
ခေါ်သွားပေးမယ်"
ESTÁS LEYENDO
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...