[138] : တုံးအလှတဲ့ တပည့်လေး

1.5K 68 10
                                    

[Unicode]

ယခုလက်ရှိ စုပေ၏ အသွင်အပြင်သည် အသစ်ရောက်လာသော ကလေးများအတွက် အတုယူစရာ စံနမူနာ ပုံရိပ်တစ်ခု အဖြစ် တည်ရှိနေလေသည်။ ညနေခင်း၌ ရဲ့လီ ထပ်မံ ပေါ်လာခဲ့သည်။ သူသည် အကြွင်းမဲ့အာဏာရှင် ဆန်သော လေသံဖြင့် ဆိုလိုက်သည်။
"ခေါင်းဆောင်က မင်းအပေါ်တော့ ကောင်းသားပဲ။ မင်းနတ်ဆိုးကျင့်ကြံသူ တစ်ယောက် ဖြစ်သွားတာတောင်မှ မင်းကို ဒီမှာ ဆက်နေခွင့် ပေးခဲ့တယ်။"
စုပေက မေးလိုက်သည်။
"မင်း ငါ့ကို အနိုင်ကျင့်နေတာလား"

ရဲ့လီက နှာမှုတ်လိုက်ကာ,

 "အနိုင်ကျင့်တယ်"

သူသည် ရုတ်တရက် ဆိုသလို စုပေအနားသို့ ကပ်သွားလိုက်ရင်း သူ့လက်ကို ဆန့်ထုတ်လိုက်ကာ စုပေ၏ ခါးထက်ရှိ ကျောက်စိမ်းအဆင်တဆာကို ဆွဲဖြုတ်လိုက်သည်။

"ကောင်းပြီ ငါဘယ်လောက်အနိုင်ကျင့်တတ်လဲဆိုတာ မင်းကိုပြမယ်"

စုပေ ပြန်လုယူရန် ကြိုးစားပါသော်လည်း ရဲ့လီက သေချာပေါက် ထိုသို့ ဖြစ်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။

သူက ဒီအတိုင်း လှည့်ထွက်သွားလေသည်။ စုပေ၏ ဆဌမအာရုံအရ 
ရဲ့လီသည် သူ၏ ကျောက်စိမ်းအဆင်တန်ဆာဖြင့် တစ်ခုခု လုပ်တော့မည်ကို ကြိုသိနေလေသည်။

သေချာပေါက် ခန့်မှန်းထားသည့် အတိုင်းပင်။ နောက်တစ်နေ့၌ ဖန့်လီဂိုဏ်းမှ တပည့်တစ်ချို့သည် ဝူလင်မဟာမိတ်အဖွဲ့သို့ လာရောက် တိုက်ခိုက်ကြသည်။ အကြောင်းအရင်းမှာ မနေ့ညက သူတို့ဂိုဏ်းသားများ အလစ်တိုက်ခိုက် ခံရပြီး အတော်များများ သေကြေကြကာ ဒဏ်ရာရသူ အနည်းအကျဥ်းလည်း ရှိခဲ့သည်။ သေဆုံးသွားရသည့် အဓိက အကြောင်းအရင်းကတော့ အတွင်းအားအကုန် စုပ်ယူခံလိုက်ရသောကြောင့် ဖြစ်သည်။

ထိုသို့ တိုက်ခိုက်ခံရမှုအပြီး သူတို့စုံစမ်းရှာဖွေ ကြရာ ကျောက်စိမ်းအဆင်တန်ဆာကို တွေ့ခဲ့ရလေသည်။ ထိုပစ္စည်းပိုင်ရှင်မှာ ဝူလင်မဟာမိတ်အဖွဲ့အစည်း၏ အကြီးဆုံးတပည့်ဖြစ်သူ စုပေ၏ ပိုင်ဆိုင်မှု ဖြစ်သောကြောင့် ဖြေရှင်းချက် လာရောက်တောင်းခံကြခြင်း ဖြစ်ပေသည်။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Apr 27 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Dove le storie prendono vita. Scoprilo ora