《60》[အင်ပါယာအရှင်သခင်]

9.8K 1.7K 22
                                    

[Zawgyi]

ဒီဧကရာဇ်က အလွန်သနားဖို့ကောင်းတယ်လို့
စုပေ ခံစားမိသည်။ယောင်ယောင်ကလွဲရင်
သူ့ဘက်မှာ တစ်ယောက်မှ မရှိခဲ့ဘူး။
နန်းတော်တွင်းရှိ ကျန်လူများက အခြားသူများ၏
မျက်လုံးများဖြစ်ကြသည်။အကယ်၍
စုပေသာ မုချင်းဟန်ကို မချည်နှောင်ထားပါက
သူအရိုးရော ၊ အသားပါ ဝါးမြိုခံလိုက်ရနိုင်သည်။

ထိုအယောင်ဆောင်ထားသည့် မိန်းမစိုးများနှင့်
အစေခံများက မင်းသားနင်း၏လူတွေဖြစ်နိုင်သည်။
အရင်ကမ္ဘာမှာတုန်းက ဖုန်းရှင်းလန်တိုက်တွန်းမှု
ကြောင့် ဆေးလိပ်ဖြတ်ခဲ့ရသည့် စုပေက
ရုတ်တရက် ဆေးလိပ်သောက်ချင်စိတ်ပြင်းပြလာသည်။

ဒါပေမယ့် နောက်တစ်စက္ကန့်မှာပဲ ဒီကမ္ဘာက
ရှေးခေတ်အချိန်ဖြစ်သည့်အတွက် ဆေးလိပ်ဆိုတာ
မရှိသေးကြောင်း သတိပြုမိသွားသည်။
အလောင်းတွေကို ရှင်းလင်းဖို့အမိန့်ပေးပြီး
နောက်မှာတော့ စုပေတော်ဝင်စာကြည့်ဆောင်ကို
ပြန်လာခဲ့သည်။ဒါပေမယ့် ဂနာမငြိမ်ဖြစ်နေသည့်
သူ့စိတ်အခြေအနေကို စကားလုံးတစ်လုံးတည်းနဲ့တော့
ဖော်ပြလို့ရမှာမဟုတ်ဘူး။

ဆိုးရွားလိုက်တာ!သူလက်ချောင်းတွေကိုပွတ်သက်
ပြီး မိန်းမစိုးကိုသကြား (သို့မဟုတ်) အခြားတစ်ခုခု
ကိုယူလာခဲ့ဖို့ အမိန့်ပေးလိုက်သည်။lollipop
ဆိုတာလည်း ဒီကမ္ဘာမှာ မရှိသေးဘူးပဲ။စုပေ
မလှုပ်နိုင်တော့ဘဲ ထိုင်ခုံပေါ်သို့ လှဲကျသွားသည်။
လူတွေ ပျင်းရိလာနဲ့အခါမှာ တစ်ခုခုတော့ထဖောက်
လာကြတာပဲ။

ဥပမာအားဖြင့် , ဒီအချိန်မှာ စုပေသည် သူကမ္ဘာတွေ
ပိုပြောင်းလာလေ ၊ ရက်စက်သည့်အရာတွေပိုတွေ့
လာရနိုင်သလား ဆိုတာတွေးတောနေသည်။
ထိုသို့တွေးပြီး သူ 748 ကိုမေးလိုက်သည်။
"748 , နောက်ဘယ်လိုကမ္ဘာတွေကို ငါကူးပြောင်းရ
မှာလဲ"

748 က ချက်ချင်းပြန်ဖြေသည်။
"ခေတ်နောက်ပြန်သွားပြီးသော လူသည်
ခေတ်သစ်သို့ပြန်သွားရလိမ့်မည်"

အရင်လို စက်ရုပ်လေသံပဲဆိုပေမယ့်
စုပေတစ်ခုခုမှားနေသလို ခံစားမိသည်။
စုပေ သူ့ခေါင်းကိုလက်ဖြင့် ကိုင်လိုက်ကာ
ထင်တဲ့အတိုင်းပဲ နောက်သွားရမယ့်
ကမ္ဘာတွေက အရင်ကမ္ဘာတွေထက်ပိုဆိုးနေတာပဲ။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Nơi câu chuyện tồn tại. Hãy khám phá bây giờ