[Zawgyi]
စုပေက မိန်းမတစ်ယောက်မဟုတ်တဲ့အတွက်ကြောင့်
နာကျင်မှုဒဏ်ကိုသည်းခံပြီး ဒေါက်မြင့်ဖိနပ်ကို
အမြဲတမ်းစီးနေစရာ မလိုအပ်ဘူး။မိန်းမတွေကကျတော့
လှပဖို့အတွက်နဲ့ သူတိုနာကျင်နေရရင်တောင် သည်းခံတတ်ကြတယ်။ရုတ်တရက် broken Chinese ဖြင့်ပြောသော
လေသံတစ်ခုထွက်လာသည်။
"ဟယ်လို...မိန်းမလှလေးရေ!"စုပေ သူ့ခြေထောက်တွေကိုချက်ချင်းပြန်စုလိုက်ကာ
အလင်းလိုအလျင်နဲ့ ဖိနပ်ကိုပြန်ဝတ်လိုက်တယ်။
ထို့နောက် သူထရပ်ဖို့ကြိုးစားလိုက်သည့်အခါ
အလျင်မြန်သလို ဖြစ်သွားသည့်အတွက် ယိုင်ကျသွား
သည်။ထိုအချိန်နိုင်ငံခြားသားက သူ့လက်ကိုဆန့်ထုတ်လိုက်ကာ
စုပေလဲမကျသွားစေရန် ခါးကနေဖက်ကာလှမ်းထိန်း
လိုက်သည်။သို့သော်လည်း သူ့ခြေကျင်းဝတ်လည်သွား
သည့်အတွက် ငိုချမိတော့မလို ဖြစ်သွားသေး၏။စုပေ ထိုနိုင်ငံခြားသားကြီးကို တွန်းထုတ်ကာ ကျေးဇူး
တင်ကြောင်း ပြောလိုက်ချင်မိပေမယ့် အသံသာ
ထွက်သွားခဲ့ရင် သူယောက်ျားလေးဖြစ်ကြောင်း
သိသွားမည်ဆိုးတဲ့အတွက် တိတ်တိတ်လေးသာ
နေရန် ဆုံးဖြတ်လိုက်တော့သည်။ထိုနိုင်ငံခြားသားက သူ့လက်မောင်းကိုမဖယ်သေးဘဲ
စုပေ၏ခါးကိုသာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထား
သည်။"ကြည့်ရတာ မင်းခြေကျင်းဝတ်လည်သွားတယ်ထင်
တယ်။ငါမင်းကို စစ်ဆေးကြည့်ပေးရမလား"စုပေ အထိတ်တလန့်ဖြစ်သွားကာ ထိုနိုင်ငံခြားသားကို
တွန်းထုတ်ပြီး သူတို့နှစ်ယောက်ကြား ကာဝေးသွား
ရန်ကြိုးစားသည်။သို့သော်လည်း သူတွန်းထုတ်တာ
အလုပ်မဖြစ်သည့်အတွက် သူ့ရင်ထဲတွင်
ကျိန်ဆဲနေမိတော့သည်။ဘာလို့ သူတို့နှစ်ယောက်ရဲ့ခွန်အားက ဒီလောက်ထိ
ကွာခြားနေရတာလဲ??သူတို့နှစ်ယောက်လုံးက ယောက်ျားလေးတွေပဲလေ...ဒါပေမယ့် သူတို့ရဲ့ခွန်အားတွေကတော့
အလွန်ကွာခြားနေ၏။နိုင်ငံခြားသားက စိတ်ကြီးဝင်သည့်အပြုံးမျိုးပြုံးလိုက်
ကာ , "မင်းငါ့ခွန်အားကို အထင်ကြီးနေပြီလား"
![](https://img.wattpad.com/cover/238122483-288-k595407.jpg)
KAMU SEDANG MEMBACA
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomansaEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...