《118》[မိသားစု အရှုပ်​တော်ပုံ]

5.8K 966 37
                                    

[Zawgyi]

စုရှီ၏ဖိတ်ခေါ်ချက်ကို ဟန်စန်းရီငြင်းပယ်လိုက်၏။
"ငါ့ကိုကျေးဇူးဆပ်ချင်ရင် စုပေသာဆပ်သင့်တယ်။
မစ္စစုကအစားလုပ်ပေးစရာမလိုပါဘူး"

စုရှီက ဒေါ်သထွက်သွားပေမယ့် သူ့ကိုအတင်း
မတိုက်တွန်းပါဘူး။ထို့အစား သူမက ,
"ကျွန်မ စုပေကိုအိမ်အရင်ပြန်ခေါ်သွားလိုက်မယ်။
ကျွန်မတို့ ရှင့်ကိုအနှောင့်အယှက်မပေးတော့ပါဘူး...
ရှင်စိတ်ပူရင် ကျွန်မတို့အိမ်ကိုမကြာမခဏလာလည်
နိုင်ပါတယ်"

စုပေသူမကို အကြံပိုင်တဲ့အတွက်မချီးကျူးဘဲမနေနိုင်
ဘူး..လက်ခုပ်တောင်တီးပေးလိုက်ချင်သေးသည်။
နေ့တစ်ဝက်ထဲနဲ့ စုရှီဘယ်လိုလုပ်ဥာဏ်ကောင်း
သွားရတာလဲဆိုတာ သူတွေးနေသည်။

ဟန်စန်းရီကတော့ သူမအပြောကိုငြင်းပယ်ချလိုက်သည်။
"မစ္စတာစုက ငါ့ကြောင့်ခြေကျင်းဝတ်လည်သွားတာ...ဒါကြောင့် သူဒီမှာပဲနေပြီးကုသဖို့ လိုအပ်
တယ်"

ဘာမှမတတ်နိုင်တော့တဲ့အတွက် စုရှီလက်သီး
တင်းတင်းဆုပ်ကာ ထွက်သွားသည်။သို့သော်
သူမဒေါ်သထွက်နေကြောင်းကို အပြင်သို့
ထုတ်မပြခဲ့။

စုပေ ပိုပြီးသိချင်လာမိတယ်။စုရှီက အမူအရာထိန်းသိမ်း
နည်းကိုသင်ပြပေးမယ့် ဆရာတစ်ယောက်နဲ့
တွေ့ခဲ့တာလား??

ဟန်စန်းရီ မေးလိုက်၏။
"မင်း သူမကိုထွက်မသွားစေချင်ဘူးလား"

စုပေ ခေါင်းယမ်းပြလိုက်သည်။
"မဟုတ်ပါဘူး။ကျွန်တော်စဉ်းစားနေတာ...စုရှီက
အခုနည်းနည်းကြောက်ဖို့ကောင်းလာသလိုပဲ"

ဟန်စန်းရီသည်လည်း စိတ်ဝင်စားသွားခဲ့သည်။
"ငါလည်း ဒီလိုပဲခံစားမိတယ်။ဘာလို့လည်းဆိုတာ
မင်းသိချင်လား"

စုပေ သူ့ကိုကြည့်လိုက်မိသည်။
"မင်းသိတာလား"

ဟန်စန်းရီ ပြုံးလိုက်၏။
"ဟင့်အင်း...ငါမသိပါဘူး။"

စုပေ အကြည့်လွှဲလိုက်သည်။မသိဘဲနဲ့များ ဘာလို့
သိသလိုလိုဘာလုပ်နေရတာတုန်း...

ဟန်စန်းရီက စကားဆက်ပြောလိုက်သည်။
"ဒါပေမယ့် ငါစုံစမ်းကြည့်လိုက်လို့ ရပါတယ်"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Donde viven las historias. Descúbrelo ahora