[Zawgyi]
စုပေ ယောင်ယောင်လာပို့ပေးသည့် အစားအစာများကို
စားပြီးနောက် သူမကိုမေးလိုက်သည်။
"လုကျင်းယောင် ဘယ်လိုနေ နေလဲ"
ယောင်ယောင်က ပြန်ဖြေတယ်။
"သူမက မိန်းမစိုးတွေနဲ့အစေခံတွေလုပ်တဲ့ အလုပ်
တွေကိုလိုက်လုပ်နေပြီးတော့ ညည်းညူခြင်းမရှိဘူး"
လုကျင်းယောင်က သူမအပြုအမူတွေလို တကယ်တုံး
နေတာမဟုတ်ဘူးဘဲ။သူမက အစေခံတွေနဲ့အလုပ်တူတူ
မလုပ်ချင်ပေမယ့် သူမထိုသို့အလုပ်လုပ်လေ သူမရဲ့တန်းတူညီမျှအခွင့်အရေးကို အကောင်အထည်
ဖော်နိုင်လေဖြစ်သည်။ဒါပေမယ့် လုကျင်းယောင်ကအရူးမဟုတ်တဲ့အတွက်
သူမနောက်ကွယ်ကနေ တစ်ခုခုကြံနေနိုင်သည်။
စုပေကယောင်ယောင့်ကို ပြောလိုက်တယ်။
"သူမကို သွားစောင့်ကြည့်နေပါ"
ဘာတွေဖြစ်သွားတာလည်းတော့ စုပေမသိဘူး။
သူ လုကျင်းယောင်အကြောင်းအခုလေးတင်ပြောရသေးတယ် လုကျင်းယောင်က ရောက်ချလာသည့်
အတွက် သူနည်းနည်းလန့်သွားသည်။
သူအစား စားတာမပြီးသေးဘူးလေ!!
ဒါပေမယ့် သူ့မှာရွေးချယ်စရာမရှိသည့်အတွက်
သတိလစ်နေသယောင် ပြန်ဟန်ဆောင်ရမည်။
ထို့ကြောင့် စုပေ အရင်ဦးအောင် မြန်မြန်အိပ်ရာ
ပေါ်တက်ကာ လှဲလိုက်သည်။ယောင်ယောင်ကလည်း ဟန်ဆောင်တဲ့နေရာမှာ
တကယ်ကျွမ်းကျင်သည်။လုကျင်းယောင်က
အစေခံဝတ်စုံနဲ့အထဲသို့ဝင်လာပြီး သူမဝမ်းသာအားရ
ဖြစ်နေတာကို ခက်ခက်ခဲခဲဖုံးကွယ်ထားသည်။
သူမက ယောင်ယောင့်ကိုဦးညွှတ်လိုက်ကာ
ယဉ်ယဉ်ကျေးကျေးပြောလိုက်သည်။
"ကိုယ်လုပ်တော်ကို နှုတ်ခွန်းဆက်သပါတယ်"
ယောင်ယောင်က အထက်စီးဆန်စွာပြောတယ်။
"ဒီကိုဘာလာလုပ်တာလဲ"လုကျင်းယောင်က သူမဒီကိုလာရတဲ့ရည်ရွယ်ချက်ကို
ရှင်းပြတယ်။
"အရှင်မင်းကြီး လုပ်ကြံခံရတယ်လို့ ကျွန်မ
သတင်းကြားတဲ့အတွက် ဒီကိုအထူးလာရောက်
လည်ပတ်တာပါ"
ထို့နောက် သူမက သဲလွန်စတစ်ခုခုများရအောင်
ပတ်ချာလည်ကိုလိုက်ကြည့်ကာ
ညည်းညူလိုက်သည်။
"အရှင်မင်းကြီး အခုချိန်ဘယ်လောက်တောင်
ခံစားနေရမလဲ ကျွန်မ
သိချင်လိုက်တာ"
YOU ARE READING
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...