《115》[မိသားစုအရှုပ်​တော်ပုံ]

7.8K 1.3K 49
                                    

[Zawgyi]

စုပေက ဟန်စန်းရီကိုတွန်းထုတ်လိုက်ကာ ,
"သေလိုက် သေချာကြည့်!ကျွန်တော်
ဘယ်နေရာကနေ သေချာကိုင်တွယ်နိုင်တာတုန်း?"

ဟန်စန်းရီက စုပေကိုစိုက်ကြည့်ရင်း ခပ်ယဲ့ယဲ့ပြုံးလိုက်
ကာ  , "ကျိန်ဆဲတဲ့စကားလုံးတွေ မသုံးပါနဲ့ မစ္စတာစု"

စုပေက ချက်ချင်းလက်ခလည်ထောင်ပြလိုက်ကာ ,
"အဲ့တော့ ငါသုံးတယ် ဘာဖြစ်လဲ.."
သို့သော် သူပြောမထွက်ခင် ထိုစကားလုံးတွေကို
ပြန်မျိုချလိုက်ရ၏။

စုပေကအလွန်စိတ်ဝင်စားဖို့ကောင်းသည်ဟု ဟန်စန်းရီ
ခံစားရသည်။ဒီကောင်လေးက သူ့ကိုကျိန်ဆဲချင်နေလျက်
နဲ့ ပြန်ထိန်းနေသေးတယ်....

အဆိုပါဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်ကြောင့် ဟန်စန်းရီ
သည် စုပေကိုခေါ်ကာ ပါတီပွဲကနေ အစောကြီး
ပြန်ထွက်ခွာလာခဲ့၏။ကားထဲတွင် စုပေသည်
သူ့ဂါဝန်ကိုမကာ ယောင်ကိုင်းနေသည့်
ခြေကျင်းဝတ်ကို ဟန်စန်းရီထံပြရင်း ညည်းညူ
တော့သည်။ဟန်စန်းရီကတော့ စုပေ၏နူးညံ့သည့်
ခြေထောက်လေးကို မြင်တဲ့အခါမှာ သူ့နှလုံးသားထဲ၌ ထူးဆန်းသည့်ခံစားချက်တစ်မျိုး ခံစားလိုက်
ရပြီး သူ့မျက်လုံးတွေကလည်း မတည်မငြိမ်ဖြစ်သွား
သည်။

ထို့နောက် သူတည်ငြိမ်စွာပြောလိုက်သည်။
"မစ္စစုပေ , မင်းအခုငါ့ကိုဖြားယောင်းဖို့ ကြိုးစားနေတာလား"

စုပေ ခေါင်းမော့ကြည့်လိုက်တဲ့အခါ ဟန်စန်းရီ၏
မှောင်မိုက်နေသည့် မျက်လုံးများကို တွေ့လိုက်သဖြင့်
ထိတ်လန့်သွားရ၏။သို့ပေမယ့် သူ့မစ်ရှင်အကြောင်းကို
ပြန်စဉ်းစားမိတဲ့အခါမှာ သူ့ရင်ထဲ၌တိတ်တိတ်လေး
'ငါမစ်ရှင်အတွက် ကို့ကိုယ်ကိုစွန့်လွှတ်အနစ်နာခံရမယ်'
ဆိုပြီး နှစ်သိမ့်လေသည်။

ထို့နောက် စုပေသည် သူ့ခြေထောက်တွေဖြင့် ဟန်စန်းရီကိုပွတ်သပ်လိုက်ရင်း သူ့လက်တွေကတော့
ဟန်စန်းရီ၏လည်ပင်းကိုချိတ်လိုက်လေသည်။
ထို့နောက် နား နားသို့ကပ်ကာ လေသံတိုးတိုးလေး
ဖြင့် ,
"ခင်ဗျားက ကျွန်တော့်ကိုဖျားယောင်စေချင်
နေတာလား"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Where stories live. Discover now