《97》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]

7.7K 1.3K 35
                                    

[Zawgyi]

ရီထောင်ထောင်၏စိတ်က တစ်ဖြည်းဖြည်းတည်ငြိမ်
လာကာ သူ့တို့တွေကို ဖြစ်ပျက်သွားသမျှမေးမြန်းရန်
ရဲစခန်းသို့ခေါ်ဆောင်သွားခြင်းခံရသည်။ရဲစခန်းမှာ
အလုပ်လုပ်နေတဲ့ ရှောက်ချင်းရန်ရဲ့သူငယ်ချင်းက
စုပေကိုမြင်လိုက်တဲ့အခါ ရှောက်ချင်းရန်ဆီ
ဖုန်းခေါ်ဆိုခဲ့သည်။သို့သော်
တစ်ဖက်ကနေ ငါသိတယ် ဆိုတဲ့အဖြေကိုပြန်ရလိုက်သည်။

ဝန်ခံချက်တွေပြီးသွားတဲ့အခါမှာ ရီထောင်ထောင်နဲ့
သူ့မိဘတွေပြန်ထွက်လာကြတယ်။စုပေ၏
မိဘတွေက ဟိုဟိုဒီဒီမေးမြန်းရန် စုပေကို
အိမ်သို့ဆွဲခေါ်သွားချင်ကြသည်။ရီထောင်ထောင်ကတော့
ကျိုးကြောင်းမဆီလျော်သည့်လူမျိုးမဟုတ်တဲ့အတွက်
စုပေကို ကျေးဇူးတင်ကာ အိမ်သို့တန်းပြန်သွား
ခဲ့သည်။

စုပေ ရဲစခန်းထဲကနေတောင် မထွက်ခွာသွား
ရသေးခင်မှာပဲ ရှောက်ချင်းရန် သူ့ဆီလျှောက်လာတာကို
မြင်လိုက်ရသည်။ဘာလို့လဲတော့ သူမသိပေမယ့်
ရှောက်ချင်းရန်၏ နူးညံ့ငြင်သာသည့်အပြုံးက
သူ့ကိုကြောက်ရွံ့သွားစေသည်။

ရှောက်ချင်းရန်က စုပေလုပ်ခဲ့သမျှကိုစိတ်ထဲမထား
သည့်ပုံစံနှင့် စုပေကိုကြည့်ကာ
ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ပြောလိုက်သည်။

"အိမ်ပြန်ကြစို့"

စုပေ၏မိဘတွေက ထူးဆန်းသည့်အကြည့်နှင့်
ကြည့်ကာ မေးလိုက်တယ်။
"မင်း...ဘာကိုဆိုလိုလာလဲ"

ရှောက်ချင်းရန်က စုပေလက်ကိုကိုင်ကာ ဆွဲမြှောက်ရင်း
လက်စွပ်ကိုပြလိုက်သည်။
"စုပေနဲ့ကျွန်တော်က လက်ထပ်ပြီးပါပြီ"

စုပေ၏မိဘတွေက အလွန်ထိတ်လန့်သွားသည်။
သူတို့ဘာမှပြန်မပြောရသေးခင်မှာပင် ရှောက်ချင်းရန်က
စုပေကိုဆွဲကာ ထွက်သွားသည်။သူတို့ကတော့
စိတ်ရှုပ်ကာကျန်ခဲ့သည်။ဘာတွေ ဖြစ်ကုန်တာလဲ။
သူတို့ရဲ့သားလေးက ဒီလိုမျိုးပဲဆွဲခေါ်သွားခံလိုက်ရ
တာလား။

မေမေစုကတော့ ဒေါ်သထွက်သွားကာ
ရဲတိုင်ဖို့လုပ်သည်။သူမရဲ့သားက ဒီလိုမျိုးဆွဲခေါ်သွား
ခံလိုက်ရတာကို သူမဘာကြောင့်ခွင့်ပြုရမှာလဲ....
သို့ပေမယ့် သူမရဲ့ယောက်ျားကတားဆီးခဲ့သည်။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Tempat cerita menjadi hidup. Temukan sekarang