[Zawgyi]
ရယ်ချင်စရာကောင်းလိုက်တဲ့ ညတစ်ညပဲ။
စုပေနိုးလာတဲ့အခါ သူ့ခန္တာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် နာကျင်နေသည်။ဟုတ်တာပေါ့...ဒီလောက်ကသိပ်မ
ဆိုးသေးပါဘူး။ဘာလို့ဆို သူ့အနောက်နေရာလေးက
အားလုံးထက်ပိုပြီး အနာကျင်ဆုံးဖြစ်နေလို့ပါ။သေလိုက်!
သေလိုက်!မုချင်းဟန်က တစ်ကယ့်ကို လူယုတ်မာကြီးပဲ!
ခွေးမသား asshole ပဲ!!748 ကစဉ်းစားဆင်ခြင်စွာဖြင့် နောက်ဆုံးတိုးတက်မှု
ကိုပြောပြလိုက်သည်။
"ဆွဲဆောင်ခြင်းယူနစ်ဘားတန်း 5% တိုးလာပါသည်။
တိုးတက်မှုဖြစ်စဉ် 11% ရှိပါပြီ"
စုပေ system ကိုလက်ခလည်ထောင်ပြလိုက်တယ်။
သူကတော့ခန္တာကိုယ်တောင်စွန့်လွှတ်လိုက်ရတာ ဒါကိုတောင် system က 5% ပဲတိုးတယ်လို့ ဖော်ပြတယ်
တဲ့လား။လုံလောက်တယ်လို့ပဲ ထားလိုက်ပါတော့!စုပေ ရုန်းကန်
လှုပ်ရှားပြီး ထွက်ပြေးဖို့ဆုံးဖြတ်လိုက်သည်။သူခံစား
ချက်အရ ဆွဲဆောင်မှုရှိတဲ့အရာတွေက အန္တရာယ်များသည်။ထို့ကြောင့် သူမကြာခင်
မုချင်းဟန် သတ်တာ ခံရနိုင်သည်။စုပေ ခက်ခက်ခဲခဲသူ့
ခန္တာကိုယ်ကိုရွှေ့ကာ တံခါးဆီသို့သွားလိုက်သည်။
သူတံခါးဖွင့်လိုက်ချိန်တွင် အပြုံးတုကြီးပြုံးနေသည့်
မုချင်းဟန်နှင့် တန်းတိုးတော့သည်။ဒီခံစားချက်က တကယ့်ကိုဆိုးရွားလှသည်။မုချင်းဟန်ရဲ့
ပုံစံကိုဖော်ပြရမယ်ဆိုရင် အဲ့ဒါက ပြုံးနေတဲ့ကျားတစ်
ကောင်လိုပဲ။
(ဒီတရုတ်ဘန်းစကားရဲ့အဓိပ္ပါယ်က ဖော်ရွေတဲ့ပုံစံရှိတဲ့
လူယုတ်မာတစ်ယောက် ဖြစ်သည်)
စုပေ သူ့အပြုံးကိုကြည့်ရင်း ပိုပိုပြီးကြောက်ရွံ့လာသည်။
သူ့အပြုံးက ကြက်သီးထစေလောက်တယ်ဆိုတဲ့
စကားလုံးလောက်နဲ့တောင် ဖော်ပြလို့မရဘူး။ဘယ်လိုပဲဖြစ်ဖြစ်အခုစုပေခြေထောက်တွေက ဂျယ်လီလို
ပျော့ခွေနေပြီ။သူကိုယ့်ကိုကိုယ်တည်ငြိမ်အောင် ကြိုးစား
ပြီးမေးလိုက်တယ်။
"နန်းတော်ကနေ သတင်းတစ်ခုခုများကြားရသေးလား"
မုချင်းဟန် ခေါင်းကိုစောင်းလိုက်ကာ ,
"အရှင်မင်းကြီး ဒီအကြောင်းကိုဂရုမစိုက်တော့ဘူးလို့
ကျွန်တော်မျိုးထင်နေတာ"
တိတ်တဆိတ်သတ်ဖြတ်ချင်သည့် အရိပ်အယောင်တွေ
လေထုထဲပျံ့လာသည်။တွေ့လား စုပေရဲ့အလိုလိုသိစိတ်က
မှန်ကန်နေတယ်။သူဒီနေ့ မုချင်းဟန်ရဲ့လက်ထဲမှာသေနိုင်
တယ်။
BẠN ĐANG ĐỌC
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
Lãng mạnEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...