Arc_2[Final]

13K 2K 180
                                    

[Zawgyi]

မုချင်းဟန်က ဒီကိစ္စနဲ့ပတ်သက်ပြီး အပြစ်ရှိတယ်လို့
မခံစားရပါဘူး။သူက အကြောင်းပြချက်ပေးတယ်။
"အရှင်မင်းကြီးကို ကျွန်တော်မျိုးမယုံဘူး။ဒီနည်းလမ်းတစ်ခုထဲကသာ အရှင်ကျွန်တော့်ဘေးကနေ
ထွက်သွားမှာကို တားဆီးနိုင်မယ်လို့ထင်တယ်။"

စုပေ အမူအရာပြောင်းလဲသွားသည်။
"ငါ့ကိုမချည်ထားနဲ့။ငါမင်းကို မလိမ်တော့ဘူး။
ငါကျိန်ဆိုတယ် ငါမင်းကိုဘယ်တော့မှလိမ်ပြီး
ထားသွားမှာ မဟုတ်ဘူး။"

ဘယ်သူက ခြေကျင်းဝတ်မှာ သံကြိုးကြီးချည်ရက်နဲ့
နေချင်မှာလဲ။သူ့မှာ ဒီလိုထူးဆန်းတဲ့ဝါသနာရှိမနေ
ဘူးနော်။မုချင်းဟန်ရဲ့ လက်က စုပေ၏ခါးနားသို
လျှောကျလာသည်။
"ကျွန်တော်မျိုးကို ဘယ်လိုပြန်လျော်ပေးရမလဲ
ဆိုတာကိုတွေးနေတာက အရှင်မင်းကြီးအတွက်
ပိုကောင်းမယ်ထင်တယ်နော်"

စုပေက မုချင်းဟန်ရဲ့မျက်လုံးထဲက အမှောင်ထုကို
မြင်လိုက်ရ၍ ရုတ်တရက်ထွက်ပြေးချင်စိတ်
ဖြစ်ပေါ်လာသည်။သို့ပေမယ့် သူထိုသို့
တွေးတုန်းပဲရှိသေး မုချင်းဟန်ကသူ့ကို ရထားလုံး
နံရံသို့ ဖိကပ်လိုက်သည်။

မုချင်းဟန်ရဲ့ နူးညံ့သည့်
လက်ချောင်းများက သူ့ကိုပွတ်သပ်နေသဖြင့်
သူတုန်ယင်လာသည်။ရုတ်တရက် ကျရောက်လာတဲ့
ပြင်းထန်သည့်အနမ်းများက စုပေကိုအသက်ရှု
ကျပ်စေသည်။သူတို့နှစ်ယောက်ထဲမှာ ဘာအတားအဆီး
မှရှိတာကိုမလိုချင်ဘူး။

မုချင်းဟန်က သက်ပြင်းချလိုက်တဲ့အခါ စုပေ
သူပြောချင်သည့်စကားများကို ပြန်မျိုချလိုက်ရသည်။
ရထားလုံး ကမြန်မြန်သွားနေကာ ဘယ်နေရာကို
ရောက်မယ်ဆိုတာ မသိသလို ရထားလုံးထဲမှာ
လည်း အပူတွေတိုးလာသည်။
[T/N - ဘာတွေလုပ်နေတာတုန်း တို့ကိုလည်း မျှပါ🥲]

ရထားလုံးက
တည်းခိုဆောင်သို့ရောက်တဲ့အခါ မုချင်းဟန်က
စုပေကိုချီကာ အထဲသို့ဝင်လိုက်သည်။

ရှက်လွန်းသောကြောင့် စုပေ သူ့ခေါင်းကို
မုချင်းဟန်ရင်ဘက်ထဲဝှက်ထားလိုက်သည်။
မုချင်းဟန်က ရယ်လိုက်သောကြောင့် ဖြားယောင်း
သွေးဆောင်နိုင်သည့် အက်ရှရှအသံထွက်ပေါ်
လာသည်။စုပေခန္တာကိုယ်တောင့်သွားကာ
ရှက်လွန်းသောကြောင့် အနားတွင် တွင်းရှိပါက
ဝင်နေလိုက်ချင်သည်။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Where stories live. Discover now