《65》[အင်ပါယာအရှင်သခင်]

9.8K 1.7K 15
                                    

[Zawgyi]

မုချင်းဟန် အေးစက်စွာပြုံးလိုက်သည်။
"စုပေ...မင်းဒီဘဝမှာ ငါ့ကိုဘယ်တော့မှ ဖယ်ရှားပစ်
လို့ရမှာမဟုတ်ဘူး။"

စုပေ ဝမ်းနည်းနေမိသည်။စုပေ ထိုသို့ဖြစ်နေတာကို ယောင်ယောင်ကသတိပြုမိသည်။
"အရှင်မင်းကြီး အဆင်ပြေရဲ့လား"

စုပေ စိတ်ရှုပ်သွားကာ ,
"ဘာကိုလဲ?"

ယောင်ယောင်က အပြုံးလေးနှင့် ,
"အရှင်မင်းကြီးက အခုထိမုချင်းဟန်ကိုနှလုံးသားထဲ
ထည့်ထားတာမလား"

စုပေကတော့ ယောင်ယောင်သူမခေါင်းထဲမှာ
မဟုတ်တဲ့အရာတွေကိုပုံဖော်နေတယ်လို့
တွေးလိုက်သည်။သူဝမ်းနည်းနေတာက အခုထိမစ်ရှင်
မအောင်မြင်သေးလို့ပါ။ယောင်ယောင် ပြုံးလိုက်မိ
သည်။
"အရှင်မင်းကြီးကလည်း မျက်နှာနှစ်ဖက်ရှိနေတာပဲ။
သူပြန်လာတဲ့အခါကျရင် အရှင်အကြောင်းစုံကို ရှင်းပြလိုက်ပါဦး"

စုပေ စိတ်ထဲတွင် : "သေချာတာပေါ့။မုချင်းဟန်သာ
ငါ့ကို နားလည်မှုလွဲသွားရင် ငါယူနစ်ဘားတန်းကို
ပြည့်ဖို့ အစကနေပြန်လုပ်ရလိမ့်မယ်"

ထိုည စုပေနှစ်ခြိုက်စွာအိပ်နေစဉ် အိပ်ရာနားက
မှောင်နေတဲ့နေရာမှာ လူတစ်ယောက်ရပ်နေသည်။
ထိုသူက စုပေကိုကြည့်နေပြီး အခြားဘာလှုပ်ရှားမှု
မှမလုပ်ဘူး။တစ်ခုခုကို သိသွားသလိုနဲ့ စုပေရုတ်တရက်
နိုးလာသည်။ဒါပေမယ့် ဘယ်သူ့ကိုမှ သူရှာ
မတွေ့ဘူး။စုပေက အမြဲတမ်းသူ့ကို
တစ်ယောက်ယောက်စိုက်
ကြည့်နေတယ်လို့ ခံစားရသဖြင့် အာရုံကြော
ရောဂါရနေပြီလို့တောင် တွေးလိုက်မိသည်။

ထို့နောက် သူသက်ပြင်းချလိုက်ကာ နောက်တစ်ကြိမ်
ပြန်အိပ်ပျော်သွားသည်။ထိုတစ်ခဏ အမှောင်ထဲက
လက်တစ်ဖက်ထွက်လာကာ သူ့နောက်ကျောကို
ဖိလိုက်သည်။စုပေကတော့ လုံးလုံးကိုအသိမရှိ။
ထိုသူ၏လက်က အပေါ်သို့တက်လာကာ စုပေ
မျက်နှာကို ပွတ်လိုက်ပြီး အက်ရှရှအသံဖြင့်
ပြောလိုက်သည်။
"မင်းက မြေခွေးလေးတင်မဟုတ်ဘူး လူလိမ်လေး
လည်းဖြစ်နေတာပဲ"

"မင်းစိတ်ထဲမှာ ဘာတွေရှိနေတာလဲ"

သူ စုပေနှုတ်ခမ်းကိုနမ်းလိုက်ကာ သူ့စိတ်ဆန္ဒတွေ
ပွင့်ထွက်တော့မတတ်ဖြစ်လာသည်။ဒါပေမယ့်
သူ့ကိုယ်သူပြန်ထိန်းချုပ်လိုက်ပြီး သဲလွန်စမကျန်
ဘဲထွက်ခွာသွားသည်။သူက ထိန်းချုပ်ထားသည့်
လေသံဖြင့် ပြောခဲ့သေးသည်။
"မကြာခင်....မင်းဘယ်သူမှမသိတဲ့နေရာကို
သွားရလိမ့်မယ်"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Nơi câu chuyện tồn tại. Hãy khám phá bây giờ