[Unicode]
《ချိုမြလွန်းသောချစ်စကားလေးများ》
နမ်းခြင်းအမှုပြီးဆုံးသွားတဲ့အခါမှာ ဖုန်းရှင်းလန်ကအရမ်းရစ်တတ်တယ်ဆိုတာကို စုပေရုတ်တရက်သိလိုက်ရတယ်။သူ့ရဲ့နက်မှောင်နေတဲ့မျက်လုံးတွေက စုပေကိုထိတ်လန့်တုန်လှုပ်စေသည်။ထို့ပြင် သူ့လက်တစ်ဖက်ကစုပေခါးကိုဖက်ထားကာ နောက်တစ်ဖက်ကတော့ သူ့အင်္ကျီအတွင်းသို့ရောက်နေသည်။
လျှပ်စစ်လျှော့ခ်ရိုက်ခံလိုက်ရသလိုမျိုး ထိတ်လန့်မှုအပြည့်နှင့်ဖုန်းရှင်းလန်ကိုသတိကြီးကြီးထားကာကြည့်လိုက်သည်။ဖုန်းရှင်းလန်ကတော့ စုပေကိုနူးညံ့စွာစိုက်ကြည့်ရင်း ရယ်ချလိုက်သည်။သူသတိလွတ်သွားခဲ့မိတယ်။သူဝန်ခံတယ် သူစုပေကိုထိမိလိုက်တဲ့တစ်ခဏ နှလုံးသားအောက်ခြေကနေတောင်မလွန်ဆန်နိုင်စွာ စုပေကိုဆက်လက်ထိတွေ့ချင်တဲ့စိတ်ကြောင့် သတိလွတ်သွားခဲ့သည်။
အခု စုပေပုံစံက ထိတ်လန့်နေသောကြောင်လေးသဖွယ်ဖြစ်နေသည်ကို သူမြင်လိုက်ရတဲ့အတွက်...ကောင်းပြီ မင်းကတော့ကြောင်ပေါက်လေး ငါကတော့ကြောင်ဖမ်းသမားကြီးပေါ့။
စုပေတော်တော်လေး ထိတ်လန့်နေခဲ့တာဖြစ်သည်။အဘယ်ကြောင့်ဆိုသော် သူ့အသိစိတ်ကသူ့ကို 'မင်းဂန္ဓာမာပန်းလေးဆုံးရှုံးတော့မည်' ဟုသတိပေးနေသောကြောင့်ဖြစ်သည်။ (T/N - အစားခံရတော့မယ်လို့ပြောချင်တာပါ )
သူဒီတိုင်းဖုန်းရှင်းလန်ကိုဆွဲဆောင်ခြင်ယုံလေးပါ။လူပျိုရည်ပျက်တဲ့ထိတော့ မစဥ်းစားခဲ့မိဘူး။
"748 ရေ ကယ်ပါဦး ကယ်ပါဦး"748 ကသူ့မူပိုင်လေသံနှင့် "ဘဝကြီးက *beep* ရတာနဲ့တူတယ် မင်းအဲ့တာကိုဆက်ပြီးမခုခံနိုင်တော့ဘူးဆိုရင်ဒီတိုင်းလှဲချပြီး အဲ့အရာကိုပျော်ပျော်ရွှင်ရွှင်လုပ်လိုက်တော့ ဘယ်လိုပဲဖြစ်ဖြစ်ဒါကတာဝန်ပဲလေ"
အကျင့်မကောင်းတဲ့ System ကပုံမှန်အားဖြင့်စကားအများကြီးပြောတတ်တာမဟုတ်ဘူး။ဒါပေမယ့် ,
"အဲ့ဒီ့ *beep* ကဘာစကားလုံးကြီးလဲဟ"
YOU ARE READING
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...