[Zawgyi]
ထိုအချိန်အသံတစ်သံထွက်လာခဲ့သည်။
"ကလန်အားလုံးခေါင်းဆောင်ရဲ့ တပည့်က
သာမာန်ပါပဲလား"သူ့လေသံထဲတွင် အထင်သေးမှုများအပြည့်
ပါလေသည်။ထို့စကားပြောပြီးနောက် စုပေ၏ခန္ဓာကိုယ်ပေါ်တွင်
လည်းနောက်ထပ် ဒဏ်ရာတစ်ခုရသွားလေသည်။
748 ကိုစုပေမေးလိုက်တယ်။
"သိုင်းလောကအရမ်း အန္တာရာယ်များတယ်။
အဲ့တာကြောင့်ငါ့ကို စူပါပါဝါလေးဘာလေး
မပေးချင်ဘူးလား"ထို့နောက် သူ့ရှေ့ရှိမြင်ကွင်းတွေကို ပိုပိုပြီးရှင်းရှင်းလင်းလင်း မြင်လာရ
ကာ အမှောင်ထုက သူ့အမြင်အာရုံအပေါ်
မသက်ရောက်နိုင်တော့ဘူး။စုပေမကောင်းသည့်ခံစားချက်တွေရလာကာ,
"မင်းငါ့ကို ဘာစူပါပါဝါပေးလိုက်တာလဲ"748 :"ညအမြင်အာရုံ"
စုပေ ပေါက်ကွဲလုနီးနီးဖြစ်သွားသည်။
ဒါဘယ်လိုအရူးစူပါပါဝါကြီးတုန်း!
ဒီဟာကို စူပါပါဝါလို့ရောခေါ်လို့ရရဲ့လား!သူ အရူးစူပါပါဝါကိုအသုံးပြု၍ ပတ်ပတ်လည်ကို
လိုက်ကြည့်လိုက်သည့်အခါ သူ့နဲ့သိပ်မဝေးတဲ့
သစ်ပင်နားမှာလူတစ်ယောက်ရပ်နေတာကို
တွေ့လိုက်ရသည်။ထိုလူ၏ထက်ရှသော မျက်လုံးများသည်
မြင့်မြတ်ပြီးတော်ဝင်ဆန်လှသည်။ထိုလူ၏
မျက်လုံးထောင့်စွန်းလေးကလည်း ပြေပြစ်စွာ
ကွေးညွှတ်နေကာ အလွန်တရာဆွဲဆောင်မှု
ရှိလှသည်။ထို့ပြင် သူနှင့်မျက်လုံးခြင်းဆုံမိ
သည့်သူတိုင်း အသူရာချောက်နက်ထဲ
ကျသွားသကဲ့သို့ မျက်စံများ မည်းမှောင်နေကာ
ကြယ်လေးများကဲ့သို့လည်း ကြည်လင်ကာ
တောက်ပနေသေး၏။ဆံပင်များကလည်း ခါးထိရှည်ကာ သူတို့ကို
မချည်ပဲဖြန့်ချထားလေသည်။ရုတ်တရက် လကိုဖုံးလွှမ်းနေသည့် တိမ်ထူထူများပျောက်ကွယ်သွားကာ
လ၏တောက်ပသော အလင်းရောင်ပြန်လည်
ပေါ်လာလေသည်။လရောင်အောက်တွင်
ထိုသူ၏သွေးနီရောင်ဝတ်ရုံရှည်က တဖြတ်ဖြတ်လွင့်နေသည်။စုပေ ကျောချမ်းသွားသဖြင့် ကြောက်ရွံ့စွာဖြင့်
ထိုယောက်ျားအကြောင်း ရှာဖတ်ကြည့်လိုက်ရာ
မထင်မှတ်ဘဲ ဇာတ်လိုက်ဖြစ်နေသည်။
BẠN ĐANG ĐỌC
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
Lãng mạnEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...