ဥက္ကဌ၏ချစ်သူ​ကောင်​လေး

15.9K 2.3K 67
                                    

[Unicode]

《အိမ်ပြန်ကြစို့》

သူစု​ပေ​ရှေ့တည့်တည့်၌ရပ်ပြီး အင်အားသုံးကာစု​ပေတစ်ကိုယ်လုံးသူ့လက်​မောင်းကြားထဲ​ရောက်​အောင် ဆွဲသွင်းလိုက်တယ်။ဖုန်းရှင်းလန် အက်ကွဲ​နေ​သော​လေသံဖြင့် "ငါ​တောင်းပန်ပါတယ်"

သူ့ကိုယ်သူအပြစ်တင်​နေ​ကြောင်းကို သူ့​လေသံက​နေတစ်ဆင့် စု​ပေသတိပြုမိလိုက်တယ်။ထို့​နောက် ,
"ကျွန်​တော့်ကိုချစ်လား"

ဖုန်းရှင်းလန်က ခါးသီး​သောအပြုံးဖြင့် "မချစ်ဘူး" ဟုပြန်​ပြောခဲ့တယ်။ဒီလူလိမ်​လေးက သူ့နှလုံးသားထဲမှာဘယ်​လောက်ထိ​နေရာယူပြီးအ​ရေးပါ​ကြောင်းကိုသူဘယ်​​တော့မှထုတ်​ပြောမှာ မဟုတ်ဘူး။အကယ်၍ စု​ပေသာသူ့အတွက်အ​ရေးမပါဘူးဆိုရင် မည်သည့်အတွက်​ကြောင့် စု​ပေ​ပျောက်ဆုံးသွားမှာကိုသူ​ကြောက်ရွံ့​နေခဲ့မှာလဲ။

စု​ပေက​တော့ ပူ​လောင်​နေပြီ။တကယ်ကြီးလားဟ ယူနစ်ဘားတန်းမှာ 96% ထိရှိသွားတာ​တောင်သူ့ကိုမကြိုက်​သေးဘူးလား???ဒါမှမဟုတ် ဖုန်းရှင်းလန်ကသူ့အ​ပေါ်ထားတဲ့ခံစားချက်​တွေကို အထင်​သေးစရာ​ကောင်းတယ်ထင်လို့ဖွင့်မ​ပြောတာများလား။ဖုန်းရှင်းလန်ဟာ စု​ပေကိုသူ့လက်​မောင်းကြားထဲမှာ အချိန်အ​တော်ကြာဖက်ထားပြီး​နောက် ဝမ်းနည်းစွာပြန်လွှတ်လိုက်သည်။
"အိမ်ပြန်ကြစို့"

ဖုန်းရှင်းလန်လွှတ်လိုက်​သောအခါ စု​ပေသူ့ကိုဖက်ထားခဲ့​သော လက်​မောင်းတစ်စုံရဲ့​ဝေးလွတ်ရာကို​ရှောင်ရင်း ,
"​နေဦး ကျွန်​တော့်ကိုကယ်ခဲ့တဲ့လူ​တွေကိုအရင်နှုတ်ဆက်လိုက်ဦးမယ်"

ထို့​နောက် သူစု​ပေကိုချစ်ခြင်း​မေတ္တာ​တွေနှင့်ပြည့်နှက်​နေသည့်အကြည့်နှင့်စိုက်ကြည့်ကာ , "​ကောင်းပြီ"
စု​​ပေက​တော့ သိပ်စိတ်သက်သာရမရဖြစ်​နေသည်။အဘယ်​ကြောင့်ဆို​သော် ဖုန်းရှင်းလန်ကနဂိုအမူအကျင့်အတိုင်းမဟုတ်ဘဲ သူ့ကိုနူးနူးညံ့ညံ့​လေးဆက်ဆံ​နေ​သော​ကြောင့်ဖြစ်သည်။​ပြောရမယ်ဆိုရင် ​ဒီလိုပုံစံကသူ့ကို​ကြောက်ရွံ့​စေတယ်။

သူဖုန်းရှင်းလန်ကို Enriu အိမ်ဆီ​ခေါ်သွားခဲ့တယ်။သူမက ဖုန်းရှင်းလန်ကိုမြင်တာနဲ့ သူမလက်ထဲကကိုင်ထားတဲ့ခွက်​တောင် ကြမ်းပြင်​ပေါ်ပြုတ်ကျသွားတယ်။​နောက်ဆုံး​တော့ အစ်ကိုစု​ပေထွက်​သွား​တော့မှာလား?Enriu ရဲ့မိဘ​တွေက​တော့ သူတို့အသံကြားတာ​ကြောင့်အခန်းထဲက​နေထွက်လာကြတယ်။သူတို့က ဖုန်းရှင်းလန်ကိုအကဲခတ်တဲ့မျက်လုံး​တွေနဲ့ကြည့်ရင်း တုံ့ဆိုင်း တုံ့ဆိုင်းဖြင့်​မေးမြန်းတယ်။ "သူက...."

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Où les histoires vivent. Découvrez maintenant