《98》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]

8K 1.4K 45
                                    

[Zawgyi]

စုပေ သက်ပြင်းချလိုက်ကာ ,
"ကြည့်ရတာ မင်းဒီအိမ်ကိုပြန်မလာတာ ကြာပြီ
ထင်တယ်"

ရှောက်ချင်းရန်က နူးညံ့စွာပြောလိုက်တယ်။
"ငါ့အထင်တော့ ပြန်မလာဖြစ်တာ ၁၀ နှစ်လောက်
ရှိပြီ"

ရုတ်တရက် ရှောက်ချင်းရန်ကတစ်ခါမှ သူ့မိသားစု
အကြောင်းဖွင့်မပြောဖူးကြောင်း စုပေသတိရလိုက်သည်။748 ပေးခဲ့တဲ့ဇာတ်ကြောင်းထဲမှာလည်း
မပါဝင်ခဲ့ဘူး။ပျက်စီးယိုယွင်းနေတဲ့ဒီအိမ်ကြီးရဲ့
အခြေအနေအရ အနည်းဆုံးတော့ဆယ်နှစ်မက
ကြာနေပြီ။ဒါဆို ရှောက်ချင်းရန်ရဲ့မိဘတွေက
မရှိတော့တာ ကြာပြီလား။

စုပေ ခေါင်းတစ်ခုလုံးမှာ မေးခွန်းတွေနဲ့
ပြည့်နှက်နေပေမယ့် သူ
ထုတ်မမေးခဲ့ပါဘူး။အကြောင်းကတော့
အခြားတစ်ယောက်ရဲ့အတိတ်ဒဏ်ရာကို
သွားဆွမိသလိုဖြစ်သွားမှာ ဆိုးလို့လေ။

ရှောက်ချင်းရန်က စုပေ၏ခါးကိုဖက်လိုက်ကာ ,
"မင်းအဆင်ပြေရဲ့လား"

စုပေက သူဘာကိုမေးလည်းဆိုတာချက်ချင်း
သဘောပေါက်လိုက်တဲ့အတွက် ချောင်းဟန့်ကာ
ရှက်ရွံ့မှုကိုဖုံးကွယ်လိုက်သည်။
"ဒီလိုပါပဲ"

ရှောက်ချင်းရန်က ရယ်လိုက်ရင်း ,
"ဒီလိုပါပဲ ဆိုတာဘယ်လိုမျိုးလဲ...အဆင်ပြေတာလား၊
မပြေတာလား"

ထို့နောက် သူစတင်ပြီးစုပေကို ပွတ်သက်လေသည်။
စုပေက မြန်မြန်ပြောလိုက်တယ်။
"မလုပ်နဲ့...အခုထိအဆင်မပြေသေးဘူး"

ထိုအခါမှ ရှောက်ချင်းရန်ကပွတ်သက်နေတာကို
ရပ်လိုက်သည်။ထို့နောက် ဒီအိမ်ကြီးက ဘိုးဘွားတွေ
လက်ထက်ထဲက အိမ်ဖြစ်ကြောင်းစုပေကို
ပြောပြတယ်။ဒီကြားထဲပိုင်ရှင်တွေအမျိုးမျိုး
ပြောင်းလဲပြီးတော့မှ နောက်ဆုံး ရှောက်မိသားစု
ကပြန်ဝယ်ယူနိုင်ခဲ့သည်။

သူတို့က မူရင်းပုံစံအတိုင်းပဲ
ထားချင်ကြတဲ့အတွက် ပြုပြင်ပြောင်းလဲမှု
အနည်းငယ်သာလုပ်ပြီး အတော်များများကိုမူရင်းအတိုင်း
ထားလိုက်ကြတယ်။စုပေ သက်ပြင်းချမိပြန်သည်။

လူတွေက ပိုက်ဆံသာရှိရင်ဘာမဆိုလုပ်နိုင်
ကြတော့တာပဲ။သူနေထိုင်ခဲ့တဲ့ ကမ္ဘာမှာတုန်းက
ဒီလိုအိမ်မျိုးဆိုတာ ကမ္ဘာလှည့်ခရီးသွားတိုင်းကို
ဆွဲဆောင်နိုင်သည်။ဒါကြောင့် ဘယ်လိုလုပ်
တစ်ဦးတည်းသောအပိုင်အနေနဲ့ ရှိနေနိုင်မှာလဲ။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Where stories live. Discover now