ဥက္ကဌ၏ချစ်သူ​ကောင်​လေး

17.3K 2.5K 61
                                    

{Unicode}

《တကယ်​တော့ငါကမ​ကောင်းဆိုးဝါးတစ်​ကောင်​မဟုတ်ပါဘူး》

System 748 - "ဆွဲ​ဆောင်ခြင်းယူနစ်ဘား 10%မြင့်တက်သွားပါပြီ စုစု​ပေါင်း 21% ထိ​ရောက်ရှိသွားပါပြီ"

ဖုန်းရှင်းလန်ကအပြင်ပန်းမှာ​တော့​အေးစက်စက်နိုင်​ပေမယ့် အတွင်းစိတ်က​တော့​နွေး​ထွေးနူးညံ့သူတစ်​ယောက်လို့
စု​ပေခံစားလိုက်ရသည်။​သောက်ကျိုးနည်း!! ဆွဲ​ဆောင်ခြင်းယူနစ်ဘား မှာရာခိုင်နှုန်း​တော်​တော်တတ်လာတယ်ဆိုတာ သူ့ကိုစိတ်ဝင်စားလို့မဟုတ်ဘူးလား ! သူ့ကိုစိတ်ဝင်စားလာရဲ့နဲ့ ဘာကိစ္စအိမ်ထဲ​ပေးမဝင်​သေးတာတုန်း!!

သူတံခါး​ရှေ့ဝမှာသွားထိုင်လိုက်ပြီး အရှက်မဲ့စွာ​ပြောဆိုတယ်။
"ကျွန်​တော်ကိုအိမ်ထဲဝင်ခွင့်မ​ပေးရင် ကျွန်​တော်လည်းဒီက​နေဘယ်မှသွားမှာမဟုတ်ဘူး ဝင်ခွင့်မ​ပေးမချင်းဒီမှာထိုင်​နေမှာ"

ရုတ်တရက်ဖုန်းရင်းလန်မျက်လုံးကစု​ပေ​ခြေ​ထောက်နားမှာကျ​နေတဲ့စီးကရက်စီသို့​ရောက်သွားတယ်။သူ စု​ပေ​ဆေးလိပ်​သောက်ထားတာကိုသိလိုက်​ပေမယ့် စု​ပေပါးစပ်က​နေကိုယ်တိုင်ဝန်ခံတာကိုကြားချင်၍​မေးလိုက်သည်။
"မင်း ​ဆေးလိပ်​သောက်ထားတာလား"

စု​ပေ နှလုံးခုန်သံမြန်လာတယ်။သူလိမ်​ပြောလိုက်သင့်လား ဒါမှမဟုတ် အမှန်အတိုင်း​ပြောလိုက်သင့်လား။ ​ကောင်းပြီ ဒီ​ကောင့်ကိုလိမ်လို့ရချင်မှရတာ အမှန်အတိုင်းပဲ​​ပြောလိုက်ပါ​တော့မယ်။

သူဖုန်းရှင်းလန်ကို မျက်နှာချို​သွေးသည့်အမူအရာနှင့်
ကြည့်လိုက်သည်။
"အရမ်းအိပ်ချင်လာတဲ့အချိန်မှာ ​ဆေးလိပ်​သောက်ရင်လန်းဆန်းလာတယ်ဆိုတာ ခင်ဗျားမသိဘူးလား ကျွန်​တော်တစ်လိပ်​လောက်ပဲ​သောက်လိုက်တာပါ"

ဖုန်းရှင်းလန်မျက်လုံး​တွေကျဥ်း​မြောင်းသွားပြီး အန္တရာယ်ရှိတဲ့အရိပ်အ​ယောင်အနည်းငယ်​ပေါ်လာတယ်။
"ငါမင်းကိုမ​ပြောထားဘူးလား မင်း​နောက်တစ်ခါ​ဆေးလိပ်​သောက်တာ​တွေ့ရင်........."

စု​​ပေချက်ချင်းတိုင်တည်ကျိန်ဆိုပြသည်။
"မ​သောက်​တော့ဘူး ​နောက်တစ်ခါမ​သောက်​တော့ဘူး ဒီတစ်ခါကတကယ့်ကို​နောက်ဆုံးအကြိမ်အ​နေနဲ့​သောက်တာပါ"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Wo Geschichten leben. Entdecke jetzt