《136》[တုံးအလှတဲ့ တပည့်​လေး]

3.8K 324 37
                                    

[Unicode]

ရဲ့လီ၏အပြုံးကပိုမို​တောက်ပလာကာ ,
"မင်းကိုငါနဲ့အတူ​ခေါ်သွားလိမ့်မယ်လို့ ထင်​နေတာ
လား"

စု​​ပေကလည်း ရဲ့လီသူ့ကို​ခေါ်သွားမှသာလျှင်
ဒီ​အခြေအ​နေ​ရှောင်လွှဲနိုင်လိမ့်မည်ဟု
ထင်သဖြင့် ,
"ကျွန်​တော်ကခင်ဗျားရဲ့တပည့်ဖြစ်သွားပြီ​လေ"

ရဲ့လီက​ပြော၏။
"ဒီအ​ကြောင်းအရာနှစ်ခုကြားမှာ ဆက်နွယ်မှု
ရှိလို့လား"

စု​ပေသည်အရှုံး​ပေးကာ အိပ်ယာ​ပေါ်
တွင်သာပြန်လဲ​နေလိုက်​တော့သည်။

748 :"ဆွဲ​ဆောင်ခြင်းယူနစ်ဘားတန်း 10% တိုး
လာပါသည်။တိုးတက်မှုဖြစ်စဥ်19% ပါ"

ထို့​နောက် ရဲ့လီ၏စကားသံကိုသူကြားလိုက်ရ
သည်။
"ငါ့ကိုရှစ်ဖူလို့​ခေါ် အဲ့တာဆိုမင်းကို​ခေါ်သွားဖို့
ငါစဥ်းစား​ပေးမယ်"

စု​ပေကစိတ်ဆုံးဖြတ်ချက်ချကာ ခေါ်လိုက်၏။
"ရှစ်ဖူ"

ရဲ့လီသည် စု​ပေ၏အမူအရာကိုကြည့်ပြီး
အလွန်စိတ်​ကျေနပ်သွားကာ ပြောလိုက်၏။
"ငါဆုံးဖြတ်ပြီးသွားပြီ...ငါမင်းကို ငါနဲ့အတူ
ခေါ်သွားမှာမဟုတ်ဘူး"

စု​ပေသည် ရဲ့လီကိုလက်ခလည်​ထောင်ပြလိုက်
ချင်​​ပေမယ့် သူ့လက်ခလည်​လေးထာဝရဆုံးရှုံး
လိုက်ရမှာကို ကြောက်သဖြင့် ထိုအကြံကို
စွန့်လွှတ်လိုက်​လေသည်။

ရဲ့လီထွက်သွားသည့်အခါ စု​ပေသည်လည်း
အိပ်ရန်ပြင်လိုက်သည်။သို့​သော်လည်း
ပြင်းထန်​သောနာကျင်မှုများ​ကြောင့်
သူ​ကောင်း​ကောင်းမွန်မွန်မအိပ်​ပျော်ခဲ့​ပေ။
ခေါင်း​ဆောင်ကလည်း စု​ပေကို​တွေ့ရန်
နောက်တစ်ကြိမ်ထပ်လာခဲ့သည်။ဒီတစ်ကြိမ်
မှာ​တော့ သူ့အမူအရာကနည်းနည်းရှုပ်​ထွေး​နေ
တယ်။

"ငါ့ကို​ပြောပါ..မင်းနတ်ဆိုးကျင့်ကြံသူတစ်​ယောက်နဲ့​တွေ့ခဲ့တယ်မလား?"

စု​ပေကပြန်​​ဖြေသည်။
"ဟုတ်ကဲ့"

ခေါင်း​ဆောင်၏အမူအရာသည် ပိုပိုပြီး
စိတ်ရှုပ်​ထွေးလာပုံ​ပေါက်ကာ ,
"ဒါဆို မင်းဘာလို့မ​နေ့ညကတည်းက
ငါ့ကိုမ​ပြောခဲ့ရတာလဲ"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Où les histoires vivent. Découvrez maintenant