လိုက်ပါတယ်။....တစ်ဆက်ထဲဖတ်မှပိုအဆင်ပြေတာမို့ နှစ်ပိုင်းပေါင်း
လိုက်ပါတယ်။....[Unicode]
《Peonies ပန်းလေးတွေ....》
ကောင်းပြီ။အရင်တစ်ခါကတော့ လွယ်သွားပေမယ့်ဒီတစ်ခါတော့လုံးဝလွယ်တော့မှာမဟုတ်ဘူး။ဘာလို့ဆိုသူ့မှာအခန်းအားလုံးရဲ့ သော့တွေရှိနေတယ်။သူတစ်ခါတော့ ဖုန်းရှင်းလန်ညအချိန်အခန်းထဲအတင်းဝင်လာနိုင်မယ်လို့မထင်ဘူး။သို့သော်ဒီတစ်ကြိမ်တွင်တော့ ဖုန်းရှင်းလန်ကအတင်းဝင်ရောက်ခြင်းမပြုဘဲ ခွင့်တောင်းပြီးဝင်ရောက်ခြင်းဖြစ်သည်။အိပ်စရာအခန်းလွတ်မရှိနေဘူးဆိုသည့်အကြောင်းပြချက်နှင့်ပေါ့။
မေမေစုကတော့သူတို့နှစ်ယောက်ရဲ့ခွေးစာတွေကျွေးတာကိုမစားချင်သဖြင့်လုပ်ချင်ရာလုပ်ဆိုပြီး လျစ်လျူရှုထားသည်။ဖုန်းရှင်းလန်ကတော့သူဖြစ်သည့်ဆန္ဒအတိုင်းစုပေကိုသူ့လက်မောင်းကြားထဲတင်းတင်းကျပ်ကျပ်ဖက်ထားကာ ကုတင်တစ်ခုတည်းပေါ်တွင်လှဲနေသည်။
ထို့နောက်သူအကူအညီမဲ့နေသည့်လေသံဖြင့် ,
"အိပ်ပါတော့ကွာ ကိုယ်မင်းကိုဘာမှမလုပ်ဘူး"
စုပေကတော့မယုံကြည်သေးဘူး။
"သေချာလား"
ဖုန်းရှင်းလန်ပြန်ဖြေလိုက်သည်။
"အင်း"
နောက်ဆုံးမှာတော့စုပေသူ့ကိုယ်သူဖြေလျော့လိုက်တယ်။ရုတ်တရက်သူတစ်စုံတစ်ခုကိုသတိရသွားကာဖုန်းရှင်းလန်ကိုကြည့်ပြီးမေးလိုက်တယ်။
"ကျွန်တော့်ကိုချစ်လား"ဖုန်းရှင်းလန်ကအဖြေပြန်မပေးဘူး။သူ့လက်ကိုစုပေမျက်လုံးကိုကာပြီး သူ့နှုတ်ခမ်းလေးကိုနမ်းလိုက်ကာ ,
"အိပ်ပါတော့ကွာ"
စုပေကိုသူ့လက်ကိုအဝေးသို့တွန်းလွှတ်ပြီးထပ်မေးသည်။
"ခင်ဗျားကျွန်တော့်ကိုချစ်လား မချစ်ဘူးလား"
ဒီအခိုက်အတန့်မှာ စုပေသူ့ကိုယ်သူဒရမ်မာချိုးလွန်းနေတဲ့သူတစ်ယောက်လိုခံစားလိုက်ရသည်။ဒီငရဲ system နဲ့ မစ်ရှင်တွေကိုဘယ်သူတောင်းစားကတီထွင်သွားတာလဲ!ဒါတမင်ညှင်းပန်းနှိပ်စက်နေတာပဲ!
YOU ARE READING
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...