[Zawgyi]
ရှောက်ချင်းရန်အသံကနွေးထွေးနေဆဲ ဖြစ်တဲ့အတွက်
သူထင်ယောင်ထင်မှားဖြစ်တယ်လို့ပဲ စုပေထင်လိုက်သည်။"မင်းစိတ်ဒဏ်ရာကိုကျော်လွှားနိုင်ဖို့
ထိတ်တိုက်ရင်ဆိုင်သင့်တယ်။မကြောက်ပါနဲ့"
ရှောက်ချင်းရန်ကပြောသည်။
သူတကယ်မကြောက်ဘူးလို့ စုပေပြောလိုက်ချင်
ပေမယ့် ရှောင်ချင်းရန်နဲ့ပူးပေါင်းဆောင်ရွက်ဖို့
လိုအပ်သည့်အတွက် မပြောချင်ဘဲပြောလိုက်ရသည်။"ဒါပေမယ့် သူရုတ်တရက်ပေါ်လာပြီး ငါ့
ခြေထောက်ကိုအပိုင်းပိုင်းဖြတ် ၊ ပြီးရင်ငါ့ကို
အတင်းကျွေးမှာကို ကြောက်နေတုန်းပဲ။"ထိုသို့ပြောပြီးနောက် စုပေရုတ်တရက်
ရယ်ချင်လာသည်။ကို့အသားကိုပြန်စားရမယ်?
တကယ်ကြီး?ကံကောင်းစွာနဲ့ သူလွတ်မြောက်ခဲ့သားပဲ။ရှောက်ချင်းရန်၏လေသံက မယုံကြည်နိုင်
လောက်အောက် နူးညံ့လာသည်။သူက စုပေကို
နှစ်သိမ့်ပေးဖို့ကြိုးစားသည်။
"မကြောက်နဲ့တော့..မင်းဒီအရာကိုမေ့ပစ်ဖို့ ခက်ခဲတယ်
ဆိုတာကို သိပါတယ်။ဒါကြောင့် ငါမင်းနဲ့အတူရှိ
နေပေးပါ့မယ်"ထိုသို့ပြောရင်း သူ့လက်ကစုပေခေါင်းနောက်သို့
ရောက်သွားကာ စုပေကိုသူ့ရင်ခွင်ထဲဆွဲထည့်လိုက်သည်။
စုပေက ရှောက်ချင်းရန်ရဲ့ခန္ဓာကိုယ်အနံ့အသက်ကို
ရလိုက်သလို သူ့ရဲ့စည်းချက်ညီညီခုန်နေသော
နှလုံးခုန်သံကိုပါ ကြားလိုက်ရသည်။ရှောက်ချင်းရန်ရဲ့လေသံထဲမှာ အိမ်မွေ့ချရန်ညို့ယူ
နေသောအငွေ့အသက်ပါ ပါဝင်နေသည်။
"မကြောက်နဲ့..အိပ်တော့..ငါနဲ့အတူတူ သူ့ကိုအိမ်မက်
ထဲမှာကျော်လွှားရမယ်..ဒါပြီးသွားရင်
မင်းကြောက်တော့မှာမဟုတ်ဘူး""ပြောရရင် သူကမင်းကို ဖမ်းထားမယ် ၊ ပိတ်ထားမယ်..
ပြီးရင် မင်းအသားကိုလှီး ၊ စွပ်ပြုတ်ထဲထည့်ချက်ပြီး
မင်းကိုသောက်ခိုင်းလိမ့်မယ်"ရှောက်ချင်းရန်ရဲ့လေသံအရမ်းညို့ယူနေသလို
စုပေခံစားရသည်။ထို့ကြောင့် ရှောက်ချင်းရန်စကား
လုံးကိုကြားရုံမျှသာကြားနိုင်တော့တဲ့ထိ သူ
အရမ်းအိပ်ချင်နေပြီ။နောက်ဆုံး စုပေ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့အခါမှာ
ရှောက်ချင်းရန်၏အမူအရာက စတင်ထူးဆန်းလာသည်။
![](https://img.wattpad.com/cover/238122483-288-k595407.jpg)
BINABASA MO ANG
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...