《41》[အင်ပါယာအရှင်သခင်]

10.6K 1.7K 24
                                    

[Zawgyi]

စုပေလက်သီးတင်းတင်းစုတ်ထားသောကြောင့် ချွေးထွက်
နေသောလက်များကိုဆန့်ထုတ်လိုက်ရင်း အေးဆေးစွာပြုံး
လိုက်သည်။
"မင်းအတွက်တရားမျှတမှုကို မင်းကိုယ်တိုင်ရှာဖွေပြီး
သားမဟုတ်ဘူးလား။ငါဘာမှလုပ်စရာမလိုတော့ပါဘူး"
မုချင်းဟန်ကလည်း စုပေကိုလွယ်လွယ်ကူကူဘယ်လွှတ်
ပေးပါ့မလဲ။သူစုပေနားကိုကပ်ကာ စုပေပုခုံးပေါ်ကို
ဖိလိုက်သည်။ထို့နောက် မကောင်းဆိုးဝါးလေသံဖြင့် ,
"အရှင်မင်းကြီး သူ့ကိုသတ်ပြီးကျွန်တော်မျိုးအတွက်
တရားမျှတမှုယူဆောင်ပေးပါ"

စုပေအနောက်ဆုတ်ဖို့ကြိုးစားပေမယ့် မုချင်းဟန်ကခွန်အား
ပိုသုံးပြီးသူ့ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားတယ်။အကျဉ်းသားက
မုချင်းဟန်သူ့အပေါ်လွှမ်းမိုးချုပ်ကိုင်ထားတာကို မြင်လိုက်ရ
၍ , "မုချင်းဟန် မင်းအရှင်မင်းကြီးကိုအမိန့်ပေးနေတာလား
...ဒါတကယ့်ကိုမလေးမစားဆက်ဆံနေတာပဲ!"

မုချင်းဟန်က စုပေဘက်သို့လှည့်ကာ ,
"အဲ့လိုလား??"
စုပေနည်းနည်းလေးတောင် မလှုပ်ရှားရဲဘူး။သူနည်းနည်း
လေးလှုပ်လိုက်တာနဲ့ သေသွားမှာကိုကြောက်သည်။သူ
ကိုယ်ကိုကိုယ်တည်ငြိမ်အောင် ပြုမူကာ အပြုံးလေးဖြင့် ,
"မင်းနောက်နေတာပဲ ဖြစ်ရမယ်။မင်းသားကဘယ်လိုလုပ်
ငါ့ကိုမလေးမစားဆက်ဆံတာဖြစ်ပါ့မလဲ။ငါ့ဘဝကြီးက
သူ့အပေါ်မှီခိုနေတုန်းပဲလေ"

မုချင်းဟန်သည် စုပေ၏စကားအသုံးအနှုန်းများကို
ကြည့်ပြီး သူ့မျက်လုံးများကျဉ်းမြောင်းသွားသည်။
သူတကယ့်ကို ခံနိုင်ရည်ရှိတာပဲ။
"ကောင်းပြီး အရှင်မင်းကြီး ကျေးဇူးပြုပြီးကျွန်တော်မျိုး
အတွက် တရားမျှတမှုကိုဆောင်ကျဉ်းပေးပါဦး"
ထိုစကားပြောရင်း သူစုပေလက်ထဲသို့ဓားတစ်လက်
ထိုးထည့်ပေးလိုက်သည်။

စုပေလက်တွေတုန်ယင်နေသည်။သူထိုဓားကို အဝေးသို့လွှတ်ပစ်လိုက်ချင်ပေမယ့် မုချင်းဟန်ကသူ့လက်ကိုတင်းတင်းဆုပ်ထားသည့်အတွက်
သူထိုသို့မလုပ်နိုင်ပေ။ထို့ကြောင့် သူ system ကိုသာအကူအညီလှမ်းတောင်နိုင်တော့သည်။
"အဖေစနစ်ကြီးရေ , ဒီသားသားလေးကိုကယ်တင်ပါဦး ၊
ဒီတစ်ကြိမ်ထဲပါ "

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Kde žijí příběhy. Začni objevovat