[Unicode]
《ငါမင်းကိုရှာတွေ့ ပြီ》
ရုတ်တရက် Enriu ကအသံကျယ်ကျယ်နဲ့ထအော်တယ်။
"အစ်ကိုစုပေ ဒီကနေထွက်သွားတော့မလို့လား"
စုပေ သူမအမေးကိုပြန်လည်ဖြေကြားခြင်းမရှိဘဲ ပြုံးရင်းကမ်းခြေတစ်လျှောက်ကိုလျှောက်သွားတယ်။ပင်လယ်ရေလှိုင်းလုံးက ကမ်းစပ်ကိုရိုက်ခတ်လာတဲ့အခါသူနဲ့အတူ ခရုခွံလေးတွေပါ ပါလာတယ်။စုပေ ထိုင်ချကာခရုခွံတစ်ခုကိုကောက်ရင်းနား နားကပ်ကာနားထောင်ကြည့်ပေမယ့် ဘာအသံမှမကြားရဘူး။ပြောတော့ ခရုခွံတွေကိုနားထောင်ကြည့်ရင်ပင်လယ်သံကြားရမယ်ဆို...သူထင်ထားတဲ့အတိုင်းပုံပြင်တွေအကုန်အလိမ်အညာကြီးဘဲ!တစ်ဘက်တွင်လည်း Enriu ကစုပေရဲ့ကျောကိုကြည့်ပြီး မျက်လုံးတွေနီရဲလာသည်။
ကမ်းခြေမှာလမ်းပတ်လျှောက်ကြပြီးတဲ့အခါမှာ သူတို့နှစ်ယောက်လုံးအိမ်ပြန်လာကြသည်။ဒီနေရာကိုရောက်နေခဲ့တဲ့ စုပေကတော့နေ့တိုင်း ဘဝကိုသာသာယာယာဖြတ်သန်းနေပေမယ့် ဖုန်းရှင်းလန်ရဲ့ဘဝကတော့ငရဲရောက်နေသည့်အလားခက်ခက်ခဲခဲဖြတ်သန်းနေရသည်။သူစုပေကိုကယ်ဆယ်ဖို့ကျဆုံးသွားတဲ့နောက်မှာတော့ သူ့လူတွေကိုလွှတ်ပြီးစုပေပျောက်ဆုံးတဲ့နားတစ်ဝိုက်ကိုပြင်းပြင်းထန်ထန်ရှာဖွေစေသည်။
ချင်းကွမ်းရှောင်ကိုလည်း ပင်လယ်ကမ်းခြေဆီသို့ဆွဲခေါ်သွားပြီးအေးစက်စွာပြောလိုက်သည်။
"ငါတစ်စုံတစ်ယောက်အပေါ်အကြွေးတင်နေတာမျိုးမကြိုက်ဘူး။မင်းငါ့ကိုကယ်ခဲ့တယ် ငါမင်းကိုငါးသန်းပြန်ပေးခဲ့တယ်ဒီလောက်ဆိုငါတို့ကျေပြီ"သူမကြောင့် သူမနောက်ကွယ်ကနေဘယ်သူခိုင်းစေနေလည်းသိအောင်ဖော်ထုတ်ဖို့လုပ်ခဲ့ရတာကြောင့် အခုသူစုပေကိုဆုံးရှုံးလိုက်ရတာ...ချင်းကွမ်းရှောင်ကလည်း သူမသေဆုံးရတော့မည်ကိုသိတဲ့အတွက်ရူးသွပ်စွာရယ်မောရင်း , "ဥက္ကဌဖုန်းက တကယ်ကြီးယောကျ်ားတစ်ယောက်ကိုချစ်သွားခဲ့တယ် ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်တဲ့ဟာသလဲ!"
ESTÁS LEYENDO
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...