[Zawgyi]
စုပေသက်ပြင်းချလိုက်ကာ ,
"ထောင်ထောင် မင်းငါ့ကိုအမှန်အတိုင်းပြောဖို့
ဖိအားပေးနေတာလား""နင်အခြားတစ်ယောက်ကို ကြိုက်နေတာလား"
သူမက စို့နင့်နေသည့်လေသံနှင့်ပြောလိုက်သည်။
"ငါမယုံဘူး!"စုပေက လေးနက်တဲ့အသံနဲ့ပြောလိုက်တယ်။
"မဟုတ်ဘူး ငါယောက်ျားတွေကိုကြိုက်တာ"ဖုန်းတဖက်ခြမ်းကသူမက ထိတ်လန့်သွားသဖြင့်
ငိုဖို့တောင်မေ့သွာသည်။နည်းနည်းလောက်
ကြာပြီးမှာ သူမထအော်လိုက်သည်။
"နင်ကငါ့ကို လမ်းခွဲဖို့အတွက်နဲ့ကိုယ့်ကိုကိုယ်တောင်
ပြန်အရှက်ခွဲဖို့လို လို့လား"
သူဖုန်းချက်ချင်းချလိုက်သည်။စုပေ မျက်နှာမည်းမှောင်သွားကာ ဒီကမ္ဘာ
အကြောင်းသူစစ်ဆေးကြည့်လိုက်တော့
ဒီကမ္ဘာမှာ လိင်တူကြိုက်သူတွေကို ရောဂါရနေတယ်
လို့သတ်မှတ်ကြတယ်။စိတ်ရောဂါတစ်မျိုးပေါ့။
ကမ္ဘာတော်တော်များမျာမှာ ဒီလိုဖြစ်ရပ်တွေရှိပါတယ်။ထို့နောက် စုပေဒီဖေဖေစနစ်ကို နည်းမျိုးစုံဖြင့်
ဒူးထောက်တောင်းပန်ပြီးနောက် စနစ်က
ရီထောင်ထောင်ဆီ message ပို့ဖို့ကူပေးတယ်။
Message ပါအကြောင်းအရာတွေကတော့
ဘယ်လိုစိတ်ရောဂါမဆို ကုသနိုင်စွမ်းရှိတဲ့
ကျော်ကြားတဲ့ စိတ်ကျန်းမာရေးပညာရှင်
ရှောက်ချင်းရန် ဆိုပြီးမိတ်ဆက်စာသားတွေပေါ့။စုပေထင်တာ ရီထောင်ထောင်က ခေါင်းမာတဲ့စရိုက်
ရှိသူဖြစ်တဲ့အတွက် သူမကစုပေကိုခေါ်ကာ ဆရာဝန်ဆီ
သွားတွေ့မယ်ပေါ့...ထို့နောက် သူက
ရှောက်ချင်းရန်နဲ့နီးစပ်ဖို့ အခွင့်အရေးရလာလိမ့်မယ်။
ဒီလိုဆို သူကရည်ရွယ်ချက်ရှိရှိနဲ့ချဉ်းကပ်ပုံ
မပေါ်တော့ဘူး။အစီအစဉ်က ပြီးပြည့်စုံတယ်!မျှော်လင့်ထားတဲ့အတိုင်းပဲ နောက်တစ်နေ့မှာ
ရီထောင်ထောင်က စုပေအိမ်ဆီပြေးလာတယ်။
သူမစုပေကိုမြင်လိုက်ရတဲ့အချိန်မှာ အခုစုပေ
ပုံစံကသူမအတွက်ထူးဆန်းသွားသလို ခံစားရသည်။
"နင်ဘယ်နေ့က ဆံပင်အရောင်ပြောင်းလိုက်တာလဲ"
သူမက တုံ့ဆိုင်းစွာမေးလိုက်တယ်။
ВЫ ЧИТАЕТЕ
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
Любовные романыEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...