[Unicode]
မိတ်ကပ်တွေပြင်ဆင်ပြီးသွားတဲ့အခါမှာ စုပေမှန်ကြည့်ရန်
ကြိုးစားလိုက်သည်။မှန်ထဲကအလှလေးက ဘယ်သူများတုန်း?
သူမဘယ်သူလဲဆိုတာ သူ မသိဘူးရော်!ဟန်စန်းရီကအပြင်ဘက်ကနေ ထပ်နှိုးဆော်ပြန်သည်။
"ငါမင်းကို နောက်ထပ်သုံးစက္ကန့်ပဲအချိန်ထပ်ပေးမယ်"စုပေ ဒေါက်မြင့်ဖိနပ်စီးပြီးအပြင်သို့ထွက်ရန်
ပြင်လိုက်စဉ် ခလုတ်တိုက်မိကာ လဲကျတော့မလို
ဖြစ်သွားသည်။ခလုတ်တိုက်မိတာ ရှက်စရာကောင်း
လိုက္တာ....တံခါးအပြင်ဘက်မှာ ရပ်နေသည့်ဟန်စန်းရီက
အဖြူရောင်အသွင်အပြင်လေးကို မြင်လိုက်သဖြင့်
ချက်ချင်းလက်ဆန့်ထုတ်ကာ ဖမ်းဆွဲလိုက်သည်။
စုပေကလည်း ဒေါက်ဖိနပ်နဲ့နေသားမကျဖြစ်နေတာကြောင့် သူ့တစ်ကိုယ်လုံး ဟန်စန်းရီလက်မောင်း
အတွင်းသို့ ကျရောက်သွားသည်။ဟန်စန်းရီကစုပေမျက်နှာကို မြင်လိုက်ရတဲ့တခဏမှာ သူ့မျက်လုံးတွေကနေ အံ့ဩသင့်သည့်
အလင်းရောင်တွေ တဖျက်ဖျက်လက်လာသည်။အနောက်တိုင်းစတိုင်ဂါဝန်ရှည်က စုပေ၏ခန္ဓာကိုယ်ပေါ်
တွင်ကွက်တိကျနေကာ သူကယောကျာ်းလေး
တစ်ယောက်ဖြစ်နေတယ်ဆိုတာလည်း မသိသာဘူး။
ပြောရရင် အခြားသူတွေက သူ့ကိုအရပ်ရှည်သည့်
မိန်းမတစ်ယောက်လို့ပဲ ထင်နေလိမ့်မည်။ဆံပင်တုကလည်း သူ့ပုခုံးပေါ်တွင်ဝဲကျနေကာ
မိတ်ကပ်အပြင်အဆင်က စုပေ၏ယောကျာ်းဆန်သည့်
ရုပ်သွင်ကိုနူးညံ့ငြင်သာသည့်ပုံစံ ပြောင်းလဲသွားစေ
သည်။သူ၏လည်ပင်းဖြူဖြူဖွေးဖွေးပေါ်တွင်လည်း ပုလဲ
ဆွဲကြိုးကို ဆွဲထားကာ အနောက်တိုင်းစတိုင်ဂါဝန်၏
ကော်လံစနှင့်အတူ ထိန်းညှိပြီး သူ့၏ Adam Apple ကိုဖုန်းကွယ်ထားလေသည်။ပြီးတော့ စုပေကဒေါက်မြင့်ဖိနပ်စီးပြီး အမှား
တွေချည်းလုပ်နေမိသဖြင့် ရှက်ရွံ့နေခြင်း
ကြောင့် သူ့ကိုမြင်တဲ့သူတိုင်း သနားမိချင်စိတ်
ပေါက်သည့်ပုံစံဖြစ်နေသည်။ဟန်စန်းရီက သူ့မျက်လုံးထဲက အံ့ဩသင့်နေမှုတို့ကို
ဖုန်းကွယ်ကာ စုပေကိုမတ်တပ်သေချာရပ်နိုင်ရန်
ကူညီပေးလိုက်သည်။
"မတ်မတ်ရပ်လို့ရပြီ!"
![](https://img.wattpad.com/cover/238122483-288-k595407.jpg)
YOU ARE READING
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...