《36》[အင်ပါယာအရှင်သခင်]

12.3K 1.8K 52
                                    

[Zawgyi]

အခုချိန်တွင် စုပေစိတ်ထဲ၌ပေါ်နေသည့် စာတစ်ကြောင်းက
'သူ၏ချစ်ခင်မှုနှင့်အလိုလိုက်မှုတို့ကြောင့် မာနထောင်လွှား
နေသော ကိုယ်လုပ်တော်လေး' ပင်ဖြစ်သည်။သူပြုံးလိုက်
ကာ , "မင်းသူမကိုဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာကို
တကယ်မသင်ပေးချင်ဘူးလား"
ယောင်ယောင်က တိတ်ဆိတ်နေတုန်း...ကြည့်လိုက်တာနဲ့
တင်လုကျင်းယောင်ကိုသွားတွေ့သည့်ကိစ္စကိုသဘောမတူဘူးဆိုတာသိသာသည်။

ဒီလိုမဖြစ်သင့်ဘူး! သူမှတ်မိသလောက် ဇာတ်ကြောင်းထဲမှာ
ဆိုရင် ယောင်ယောင်ကရက်စက်တတ်သည့် ဇာတ်ကောင်
ဖြစ်တယ်။သူမအနေနဲ့ လုကျင်းယောင်အပေါ်တစ်ခုခု
ကြံစည်ရင်ကြံစည်မဟုတ်ရင်လည်း သေလမ်းခင်းပေးသင့်
တာလေ။ဘာလို့သူမကဒီနေ့ကျမှ ဖြူစင်တဲ့ပုံလုပ်နေရတာလဲ????

ယောင်ယောင်ကမသွားချင်မှန်းသိသည့်အတွက် စုပေက
အတင်းဖိအားမပေးပါဘူး။
"ဒါဆိုငါကိုယ်တော်တစ်ယောက်ထဲ သွားတာပေါ့"

စုပေခြေလှမ်းအနည်းငယ်ပဲ လျှောက်ရသေးတယ်..ယောင်
ယောင်ကသူ့လက်မောင်းကိုလှမ်းဆွဲလိုက်သည်။
"ကျွန်တော်မျိုးမမှာဘယ်လိုလုပ်ရွေးချယ်စရာရှိတော့
မှာလဲ"
ဟေ့ဟေ့! ဘာလို့အရမ်းချွဲပစ်တဲ့လေသံနဲ့ပြောနေတာတုန်း...
ဒါတော့များသွားပြီ!!

စုပေနဲ့ယောင်ယောင်တို့ လုကျင်းယောင်နန်းဆောင်ဆီ
သွားသည့်လမ်းမှာပဲ သူတို့ဇာတ်လိုက်ကောင်မုချင်းဟန်နှင့်
ဆုံတွေ့ကြသည်။သူ့နာမည်နှင့်မတူစွာ မုချင်းဟန်သည်
ဖော်ရွေသည့်ပုံစံနှင့်ရက်စက်တတ်သူဖြစ်သည်။သူပြုံးနေ
ရင်းနှင့်ပင် နောက်တစ်စက္ကန့်အတွင်းမှာ ခေါင်းကိုတူနှင့်ထုသတ်နိုင်သည့် မျက်နှာနှစ်ဖက်ရှိသည့်ကောင်ဖြစ်သည်။

စုပေ မုချင်းဟန်မျက်နှာကိုမြင်လိုက်တဲ့အချိန်မှာ
ဖုန်းရှင်းလန်ဟုလှမ်းခေါ်တော့မလိုပင် ဖြစ်သွားသည်။
အဘယ်ကြောင့်ဆိုသော် သူ့မျက်နှာကဖုန်းရှင်းလန်နှင့်
တစ်ထပ်ထဲတူညီနေလို့ဖြစ်သည်။သူ၏တောက်ပ
သောအပြုံးနှင့် ဆွဲဆောင်မှုရှိသောဝတ်ရုံရှည်တို့ကြောင့်
ရင်သက်ရှုမောဖွယ်ကောင်းသည်။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Donde viven las historias. Descúbrelo ahora