{Unicode}
《ပေါက်စီကအရမ်းအရသာရှိပါတယ်》
စုပေ အစကတော့ဖုန်းရှင်းလန်ရောက်လာရင် သူ့အခန်းသူပြန်ပြီး အိပ်တော့မယ်လို့စဥ်းစားထားတာ....
အခုတော့သူမအိပ်ချင်တော့ဘူး......."ငါလည်း ညလည်စာနည်းနည်းလောက်တော့ စားချင်သေးတယ်!"
ဖုန်းရှင်းလန် စုပေကိုကြည့်လိုက်သည်။
"မင်းကိုယ်တိုင်ချက်ကြည့်လေ"စုပေ ချက်ချင်း 'မင်းငါ့ကိုလာနောက်နေတာလား' ဆိုသည့်ပုံစံသို့ပြောင်းသွားတယ်။ စုပေမျက်နှာကိုကြည့်ပြီး ဖုန်းရှင်းလန် စိတ်ရှည်လက်ရှည်ပြန်ရှင်းပြသည်။ ဖုန်းရှင်းလန်စိတ်ရှည်တယ်ဆိုတာ တကယ့်ကိုကြုံတောင့်ကြုံကဲဖြစ်ရပ်တစ်ခုပဲ.......
"မင်းပဲငါ့ကို မင်းကိုယ်တိုင်ချက်ပြုတ်ကျွေးမယ်လိုကတိပေးထားခဲ့တယ်လေ"
ထိုစကားကိုကြားတာနဲ့ စုပေစိတ်ပင်ပန်းသွားသည်။ စုပေရဲ့သနားစဖွယ်မျက်နှာလေးကို ကြည့်ပြီး ဖုန်းရှင်းလန်သူ့လုပ်ရပ်များမှားသွားတာလားလို့တောင် ခံစားသွားရသည်အထိ။
System 748 - " ဆွဲဆောင်ခြင်းယူနစ်ဘား 1% တက်သွားပါပြီ စုစုပေါင်း 33% အထိရှိသွားပါပြီ။ "
စုပေကြောင်သွားတယ် မဖြစ်နိုင်တာ...
" ဒါနည်းနည်းတော့များသွားပြီ ငါ့ရဲ့ယူနစ်ဘားတန်းကဘာကိစ္စအဲ့လောင်မြန်မြန်ကြီး တက်နေရတာလဲ ငါလေးဘာမှတောင်သေချာမဆွဲဆောင်ရသေးဘူး ဟေ့ system ပြောစမ်းပါဦး ငါသာသူ့ကိုဟင်းချက်ပေးရင် ယူနစ်ဘားတန်းကထပ်ထပ်ပြီး ဒီထက်မကတိုးလာဦးမှာလား? ဟမ် ပြောစမ်းပါ? "System ဘာမှပြန်မပြောပေမယ့် စုပေသိတယ် သူငြင်းမှာမဟုတ်ဘူး တကယ်လို့စုပေသာ ဖုန်းရှင်းလန်ကိုဟင်းချက်ပေးခဲ့ရင် ရာခိုင်နှုန်းကတကယ့်ကိုတိုးလာမှာ....
စုပေတွန့်ဆုတ်တွန့်ဆုတ်နှင့် မီးဖိုချောင်ထဲသို့ဝင်သွားသည်။ သူဖုန်းရှင်းလန်အတွက်ဘာကိုသွားချက်ပေးရမှာလဲ? သူ ဘာမှမချက်တတ်ပါဘူးဆိုနေ ....<မီးဖိုချောင်လူတ်သမား> လို့တင်စားရလောက်အောင် မူလစုပေတစ်ယောက်ထဲဟင်းချက်ဆိုးသည်မဟုတ် သူလည်းတူတူတပင်....ထို့ကြောင့် <မီးဖိုချောင်လူသတ်သမား> ဆိုသည့်နာမည်ပြောင်က သူတို့နှစ်ယောက်လုံးနှင့်ကိုက်ညီသည်။
![](https://img.wattpad.com/cover/238122483-288-k595407.jpg)
ESTÁS LEYENDO
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...