{Unicode}
《အထူးလက်ဆောင်》
စုပေရဲ့မျှော်လင့်ချက်လေးက ချက်ချင်းမီးပြန်တောက်လာသည်။
"ခင်ဗျားပစ်တတ်တယ်"ဖုန်းရှင်းလန် ခေါင်းညိမ့်ပြတယ်။
"နည်းနည်းပါးပါးပါ"ဖုန်းရှင်းလန် စုပေလက်ထဲကသေနတ်လွှဲပြောင်းယူပြီးသွားတဲ့အခါမှာ သူချက်ချင်းပစ်ချက်နည်းနည်းလောက်ပစ်လိုက်တယ်။သူ့ပစ်ချက်တွေအကုန်လုံးက ပစ်မှတ်ရဲ့အလယ်တည့်တည့်ကိုထိုးဖောက်သွားကြတယ်။
ဖုန်းရှင်းလန်ကသေနတ်ပစ်နေတဲ့အချိန်အတွင်းမှာ အခြားလူတစ်ယောက်အသွင်ပြောင်းလဲသွားတယ်။သူ့အတွက် သေနတ်ပစ်တာက သာမန်လုပ်ရိုးလုပ်စဥ်လိုမျိုးပဲ!
စုပေမေ့လဲတော့မလိုတောင်ဖြစ်သွားသည်။
ထို့နောက် ဖုန်းရှင်းလန်စုပေလက်ထဲသို့သေနတ်ပြန်ထည့်ပြီး သူကတော့စုပေကိုနောက်ကျောကနေသိုင်းဖက်ကာ သူ့လက်ကိုစုပေလက်ပေါ်ကနေကိုင်ထားလိုက်သည်။
"ကြည့်ထား"စုပေအခုမှသတိပြန်ဝင်လာကာ ဖုန်းရှင်းလန်သင်ပေးသမျှကိုသေသေချာချာလိုက်နားထောင်သည်။အခု ဖုန်းရှင်းလန်နဲ့သူနဲ့ကအရမ်းပူးကပ်လွန်းနေတယ်။ ပြောရမယ်ဆိုရင် တစ်ယောက်ခန္ဓာကိုယ်ကအပူချိန်ကိုနောက်တစ်ယောက်ကခံစားမိသည်အထိ!
ပထမတုန်းကတော့ စုပေသိပ်သတိမထားပေမယ့် နောက်ပိုင်းနည်းနည်းလောက်ကြာလာတဲ့အခါမှာ သူနေရတာအဆင်မပြေတော့ဘူး။ ထိုအချိန်မှာဖုန်းရှင်းလန်ရဲ့ လေးနက်တည်ကြည်တဲ့အသံကို သူ့နားထဲမှာကြားလိုက်ရတယ်။
"အာရုံစိုက်စမ်း!"
ထိုနေ့တစ်နေ့လုံး စုပေသေနတ်ပစ်လေ့ကျင့်ရေးကိုသာအာရုံစိုက်လေ့ကျင့်လိုက်ရတဲ့အတွက် သူ့လက်မောင်းတစ်ခုလုံးထုံကျင်ကိုက်ခဲနေပြီ။အနှစ်ချုပ်ဆိုရသော် သူ့လက်မောင်းကို မရန်အတွက်ပင် အားမရှိတော့။
ဒါပေမယ့်တန်ပါတယ် နောက်ဆုံးမှာတော့သူပစ်မှတ်ကိုလုံးဝမလွဲဘဲထိအောင်ပစ်နိုင်ခဲ့ပြီ။ ဂုဏ်ပြုကြစမ်း!
![](https://img.wattpad.com/cover/238122483-288-k595407.jpg)
VOUS LISEZ
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
Roman d'amourEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...