ဥက္ကဌ၏ချစ်သူ​ကောင်​လေး

17.6K 2.5K 14
                                    

{Unicode}

《တူတူအိပ်ကြမယ်》

ဖုန်းရှင်းလန်ကအခန်းထဲကို​​ဝေ့ကြည့်ရင်း စု​ပေကို​မေးလိုက်တယ်။
"မင်းပါးလုပ်ကျင်းပြီးပြီလား"

စု​ပေ​​​တော်​​တော်​လေးစိတ်ရှုပ်​နေပါပြီ။
"အခုပဲ ပါးလုပ်သွားကျင်း​တော့မလို့"

ဖုန်းရှင်းလန် စု​ပေနှုတ်ခမ်း​ထောင့်နား​လေးမှာ​ပေ​နေတဲ့ lollipop အကြွင်းအကျန်​လေးကိုကြည့်ပြီး မျက်လုံးထဲမှာထူးဆန်းတဲ့အရိပ်အ​ယောင်တစ်ချို့ ဖြတ်​ပြေးသွားသည်။ဖုန်းရှင်းလန်ဆီက ထူးဆန်းတဲ့အကြည့်တစ်ချို့ကိုမြင်လိုက်ရတဲ့စု​ပေက​တော့ တစ်ခုခုကိုသတိထားမိလိုက်တဲ့အတိုင်း ချက်ချင်းသူ့ပါးစပ်ကိုအုပ်လိုက်သည်။

စု​ပေနှုတ်ခမ်း​လေးမမြင်လိုက်ရ​တော့တဲ့အခါ ဖုန်းရှင်းလန်ဝမ်းနည်းလာသလို​တောင်ခံစားသွားရသည်။
"မနက်ဖြန်ကျရင် ငါမင်းကိုတစ်​နေရာ​ရာခေါ်သွားမယ်"

စု​ပေလွတ်​မြောက်သွားသလိုသက်ပြင်းချလိုက်သည်။
"ဘယ်​နေရာကိုလဲ"

ဖုန်းရှင်းလန်ကဘယ်​နေရာလဲဆိုတာ​တော့မ​​ပြောပြဘူး။
ဒီတိုင်း ခန့်မှန်းရခက်တဲ့အ​ဖြေတစ်ခုကိုသာပြန်​​ပြောတယ်။
"မင်းအဲ့ဒီ့​နေရာကို​ရောက်တဲ့အခါကျရင် သိသွားပါလိမ့်မယ်"

စု​ပေသူ့ကိုအတင်း​​ပြောပြရမယ်လို့ ဖိအားမ​ပေးဘူး။
"အဲ့တာဆိုလည်း ကျွန်​တော်အိပ်​တော့မယ်"

ဖုန်းရှင်းလန်က ​သူသိပါတယ်ဆိုတဲ့အတိုင်းအကြိမ်အနည်းငယ်​လောက်ခေါင်းညိမ့်ပြလိုက်တယ်။သူ​ခေါင်းညိမ့်ပြလိုက်​ပေမယ့် ဒီအမူအရာသူထွက်သွားပါ့မယ်လို့ဆိုလိုတာမဟုတ်ဘူး။

စု​ပေ​နောက်တစ်ကြိမ်ထပ်​ပြောတယ်။
"ကျွန်​တော်အိပ်​တော့မယ်လို့"

ဖုန်းရှင်းလန်က​တော့ အခုထိထွက်သွားမယ့်အရိပ်အ​ယောင်မ​ပေါ်​သေးဘူး။စု​ပေမှာ သူထွက်သွား​အောင်လုပ်ဖို့အခြားနည်းလမ်းမရှိ​တော့တဲ့အတွက် သူထွက်သွား​အောင်သိသိသာသာအရွက်အမြွက်​ပြလိုက်ရ​တော့တယ်။

"မစ္စတာဖုန်း ​စော​စောသွားအိပ်သင့်တယ်​​နော်"

ဖုန်းရှင်းလန်ကသူ့စကားကိုအမှန်ပြင်​ပေးလိုက်တယ်။
"ဖုန်းရှင်းလန်"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Où les histoires vivent. Découvrez maintenant