《88》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]

8.4K 1.6K 28
                                    

[Zawgyi]

ရှောက်ချင်းရန်က ယောက်ျားတွေကိုကြိုက်တာလား
ဒါမှမဟုတ်မိန်းမတွေကိုပဲ ကြိုက်တာလားဆိုတာကတော့
သူကိုယ်တိုင်လည်းမသိပါဘူး။သူအခုချိန်ထိလည်း
ဘယ်သူကိုမှမကြိုက်ဖူးဘူး။စုပေက လွဲလို့ပေါ့။စုပေက သူ့ကိုအမြဲတမ်းအံ့ဩသွားအောင် လုပ်နိုင်တဲ့
အဖိုးတန်လေးပါ။

သူက ဘိန်းနဲ့တူတယ် မင်းဘာမှ
မသိလိုက်ခင်မှာပဲ သူအပေါ်ယစ်မူးသွားလိမ့်မယ်။

စီးကရက်က တစ်ဝက်ကျော်လောက်လောင်ကျွမ်း
ပြီးသွားတဲ့အခါမှာ ရှောက်ချင်းရန်ငြိမ်းသက်လိုက်
ကာ ပြတင်းပေါက်တွေကို ထဖွင့်ရင်းအငွေ့
တွေပြန့်လွင့်အောင်လုပ်လိုက်သည်။ထို့နောက် စုပေကို သွားရှာခဲ့သည်။

စုပေကပုံဆွဲတဲ့နေရာမှာ အာရုံ
ဝင်စားနေတဲ့အတွက် ရှောက်ချင်းရန်သူ့နောက်မှာ
ရပ်နေတာကို သတိမပြုမိဘူး။ရှောက်ချင်းရန်က
ရုတ်တရက်မေးလိုက်သည်။
"အမျိုးသားဇာတ်လိုက်က ဖုန်းရှင်းလန်ကိုကြိုက်လား"

သူ့ကိုကြိုက်လား??စုပေ လက်သီးဆုပ်လိုက်မိသည်။
"ကြိုက်ကောင်းကြိုက်နိုင်ပါတယ်"

အနည်းဆုံးတော့ သူဖုန်းရှင်းလန်ကို မမုန်းခဲ့ဘူး
လေ။ရှောက်ချင်းရန်က ပုံဆွဲတဲ့ခုံပေါ်က
စုပေလက်ကိုဆွဲယူလိုက်ကာ ,
"သွားကြစို့"

စုပေက သူ့ကိုကြည့်လိုက်ကာ ,
"ဘာတုန်း"

ဘာတွေလျှောက်စမ်းသပ်ဦးမလို့တုန်း!ရှောက်ချင်းရန်၏မျက်လုံးတွေထဲမှာ စုပေနားမလည်နိုင်တဲ့
အဓိပ္ပါယ်တစ်ချို့လက်သွားသည်။
"မင်းမိန်းကလေးတွေအပေါ် ခံစားချက်မရှိဘူးမလား"

စုပေ ခေါင်းညိမ့်ပြသည်။
"အင်း..."

ရှောက်ချင်းရန်၏နှုတ်ခမ်းထောင့်စွန်းက ပိုမိုကွေးညွတ်သွားကာ သူ့ရဲ့အပြုံးတွေကနွေးထွေးနေရာကနေ တစ်မူထူးခြားလာခဲ့သည်။သူက စုပေအနားကို
ကြားလေမဝင်နိုင်တော့တဲ့အထိ ကပ်လိုက်ကာ တိုးတိုး
လေးမေးလိုက်တယ်။

"ယောက်ျားတွေဆိုရင်ရော..."

စုပေနှလုံးခုန်သံမြန်လာကာ ဒီနေရာကနေလည်း
ထွက်ပြေးချင်လာသည်။သူက ရယ်လိုက်သည်။
"အင်း စဉ်းစားစရာလိုလို့လား"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Nơi câu chuyện tồn tại. Hãy khám phá bây giờ