[Zawgyi]
748 ၏ ပြတ်သားသောစကားများက စုပေကိုစိတ်အား
ငယ်သွားစေသည်။
"မင်းအခုထိ မိန်းမတွေကိုကြိုက်တုန်းပဲလို့
ထင်နေတာလား?"စုပေ ငိုချင်နေပေမယ့် မျက်ရည်ကမထွက်လာဘူး။
ဒီစက်ရုပ်လေသံနဲ့ အကောင်က သူ့ကိုရင်နာအောင်
လုပ်တယ်။နေ့လည်စာစားချိန်ရောက်တဲ့အခါမှာ
သူခြေထောက်များက ထရပ်လို့ရသွားပြီ။
တစ်ကိုယ်လုံးရောင်ဝါများထွက်နေသည့်
မုချင်းဟန်လည်း ပြန်လာပြီဖြစ်သည်။
စုပေ စိတ်ဆိုးနေသည့်အမူအရာများကို ဖုံးကွယ်လိုက်သည်။
နေ့လည်စာက ဆန်ပြုတ်ဖြစ်နေသည့်အပြင်
အခြားဘာမှမပါသောကြောင့် သူပိုပြီးစိတ်မပျော်မရွှင်ဖြစ်လာရသည်။
သူ ဒီချွဲကျိကျိအရာကြီးကို မစားချင်တော့ဘူး။
စုပေ ကျိတ်မှိတ်ပြီး ဆန်ပြုတ်သောက်ပြီးတဲ့
နောက်မှာတော့ မုချင်းဟန်က အလုပ်ကိစ္စစပြော
လာသည်။
"လုကျင်းယောင်က မင်းသားနင်းရဲ့လူတွေနဲ့
လျှို့ဝှက်စွာ ဆက်သွယ်နေတယ်ထင်တယ်"မင်းသားနင်း??စုပေ သူ့မှတ်ဥာဏ်ထဲကနေ ထိုလူ့အကြောင်း ပြန်ရှာလိုက်တယ်။မင်းသားနင်းက
စုပေရဲ့ အစ်ကိုကြီးပဲ။ထီးနန်းအတွက်တိုက်ခိုက်ခဲ့တဲ့
အဲ့ဒီ့နှစ်တွေတုန်းက သူကအရမ်းရက်စက်ကာ
စုပေရဲ့အခြားအစ်ကိုတွေအကုန်လုံးကို သတ်ပစ်ခဲ့တယ်။
ထိုအချိန်တုန်းက ဧကရာဇ်ကလည်း အလွန်စိတ်ဆိုးကာ
သူ့ကိုငှက်တွေတောင် ချီးလှည့်မပါသည့်နေရာဆီသို့နှင်ထုတ်ခဲ့သည်။ူသူ့အားရာထူးချပြီးနောက် ဧကရာဇ်က သူစွန့်ပစ်ထား
သည့်စုပေသာလျှင် ထီးနန်းဆက်ခံနိုင်ကြောင်း
တွေ့ရှိသွားသည်။ထို့ကြောင့် စုပေကနောက်ဆုံး
အနိုင်ရသူဖြစ်သွားကာ ရုပ်သေးဧကရာဇ်ဖြစ်လာသည်။
ထို့ပြင် မင်းသားစုနင်သည် ဒုတိယဇာတ်လိုက်
ဖြစ်သည်။သူက ငှက်တွေတောင်ချီးမပါတဲ့နေရာကို
နှင်ထုတ်ခံရပြီးနောက် သူခက်ခက်ခဲခဲနေထိုင်ကာ
ထိုနေရာကို ကုန်သွယ်ရေးမြို့တော်အဖြစ်
ပြောင်းလဲပစ်ခဲ့သည်။ဇာတ်ကြောင်းထဲမှာတော့ ကိုယ်စားအုပ်ချုပ်သူ
ထိုမြို့တော်ကိုသိမ်းပိုက်ချင်သည့်အတွက်
ဇာတ်လိုက်မကိုထိုနေရာသို့ ခေါ်ဆောင်သွားသည်။
အဲ့တာဘာကိုဆိုလိုတာလည်းဆိုတော့
လုကျင်းယောင်နဲ့ စုနင်တို့တွေ့ဖို့ အချိန်အကြာကြီး
လိုသေးသည်။ဘယ်လိုလုပ် သူတို့ကအခုထဲက
သိနေရတာလဲ?ဒါကြီးက ဇာတ်ကြောင်းအတိုင်းလည်းမဟုတ်ဘူးလေ......
ESTÁS LEYENDO
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...