《52》[အင်ပါယာအရှင်သခင်]

10.1K 1.7K 33
                                    

[Zawgyi]

မုချင်းဟန် အက်ကွဲနေသောလေသံဖြင့် ပြောလိုက်သည်။
"အရှင်မင်းကြီးက ကျွန်တော်မျိုးကို ပုဂ္ဂိုလ်ရေးအရ
လျော်ကြေးပေးမယ်ဆိုရင်ရော"
စုပေ သူ့ကိုဓားမြှောင်များထွက်လာသယောင် စူးရှသည့် မျက်စောင်းတစ်ချက်ထိုးပေးလိုက်သည်။
"အဲ့ဒါဆို မင်းက ကိုယ်တော့်ကိုသွေးထွက်အောင်
တိုက်ခိုက်ချင်တယ်ပေါ့"

မုချင်းဟန် ဘာပြန်ပြောရမလဲမသိတော့ဘူး။
စုပေက တကယ့်ကို buzzkiller [1] ပဲ။ထို့နောက် သူ
စကားလမ်းကြောင်းပြောင်းပေးလိုက်သည်။
"အရှင်မင်းကြီးက ဒီနေ့အမတ်ချုပ်ကြီးရဲ့ အကျိုးစီးပွားကို
ထိခိုက်စေခဲ့တယ်။သူလွယ်လွယ်နဲ့တော့ လွှတ်ပေးမှာ
မဟုတ်ဘူးနော်"

စုပေပြောလိုက်တယ်။
"ကိုယ်တော် သိပါတယ်။"
မုချင်းဟန် မျက်တောင်ခတ်လိုက်ကာ ,
"အရှင်မင်းကြီး ကြောက်နေလား"
စုပေအရှက်မဲ့စွာ မုချင်းဟန်ကိုဒီကိစ္စထဲ ဆွဲသွင်းတယ်။
"မင်းသာ ကိုယ်တော့နောက်မှာ ရှိနေရင် ကိုယ်တော်
ဘယ်အရာကိုမှမကြောက်ဘူး။"
မုချင်းဟန် ပြုံးလိုက်တယ်။
"ကျွန်တော်မျိုးက အရှင်မင်းကြီးကိုကူညီမယ်လို့
အရှင်ဘာလို့ထင်နေရတာလဲ"

စုပေ အရှက်မရှိပြောလိုက်သည်။
"ဘာလို့လည်းဆိုတော့ မင်းကလူကောင်းလေ၊
အရမ်းကိုကောင်းတဲ့ လူကောင်းတစ်ယောက်"
မုချင်းဟန်ကတော့ ကမ္ဘာပေါ်ရှိအရယ်ရဆုံးဟာသကို
ကြားလိုက်ရသကဲ့လို့ အလွန်အကျွံရယ်နေခဲ့သည်။
"ကျွန်တော်မျိုးက လူကောင်းတဲ့လား??
အရှင်မင်းကြီးက တကယ်အပြောကောင်းတာပဲ"

ရုတ်တရက် သူ့အပြုံးက ငရဲပြည်မှတက်လာသည့် နတ်ဆိုးတစ်ကောင်ကဲ့သို့
ကြက်သီးထဖွယ်ကောင်းလာသည်။
"အရင်တုန်းက အရှင်မင်းကြီး မရေတွက်နိုင်တဲ့လူတွေကိုအရေခွံခွာသတ်တတ်တဲ့
လူကောင်းတစ်ယောက်ကိုများ မြင်ဖူးလား"
စုပေ ကြောက်မက်ဖွယ်ကောင်းသည့်ပုံစံကြောင့်
တုန်ယင်နေသည်။ဒါဆို သူက မကောင်းသည့်ဘက်အခြမ်းကို
နိုးထစေလိုက်တာများလား။သူတည်ငြိမ်အောင်
ကြိုးစားပြီး ပြောလိုက်သည်။
"အနည်းဆုံးတော့ ငါ့နှလုံးသားထဲမှာ မင်းကလူကောင်း
တစ်ယောက်ပါ"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Onde histórias criam vida. Descubra agora