《135》[တုံးအလှတဲ့ တပည့်​လေး]

5.2K 549 55
                                    

[Unicode]

"မင်းငါနဲ့​တွေ့ခဲ့တယ်ဆိုတာ ဘာလို့သူတို့ကို
မ​ပြောပြလိုက်တာလဲ"
ရင်းနှီးသည့်အသံတစ်ခုက ရုတ်တရက်ဆိုသလို
ထွက်လာကာ နောက်တစ်စက္ကန့်မှာပဲ
ရဲ့လီသည် သူ့အခန်းထဲ၌ မတ်တပ်ရပ်​လျက်ရှိနေခဲ့သည်။

စု​ပေထခုန်မိ​တော့မလိုပင် ဖြစ်သွားသည်။
သူတို့​တွေ ရဲ့လီကိုဖမ်းမိသွားရင်ဘယ်လိုလုပ်မလဲ??ဒီ​နေရာက ဝူလင်းမဟာမိတ်အဖွဲ့အစည်းရဲ့
ဌာနချုပ်​လေ။

ရဲ့လီက ရယ်လိုက်ကာ,
"မင်း​ကြောက်​နေတာလား...ဘာကို​ကြောက်
နေတာလဲ...ငါ့ကိုဖမ်းမိသွားမှာ ဆိုးတာလား..
ဒါမှမဟုတ် ငါမင်းကိုသတ်ပစ်လိုက်မှာဆိုးလို့
လား"

စု​ပေ၏ခန္ဓာကိုယ်သည် နာကျင်မှု​ကြောင့်တုန်ယင်
သွားကာ ,
"မင်းကအင်အားကြီးမှန်းသိတာမို့ အသံကျယ်
ကြီးနဲ့​ပြောစရာမလိုပါဘူး"

ရဲ့လီက စု​ပေနားသို့ တိုးကပ်လာကာ မေးလိုက်တယ်။
"ဘာလို့မင်းရှစ်ဖူကို ငါနဲ့​တွေ့ခဲ့တယ်ဆိုတဲ့အ​ကြောင်း မ​ပြောပြလိုက်တာလဲ?"

ဘာလို့လည်းဆို​တော့ မစ်ရှင်​ကြောင့်မ​ပြောပြ
လိုက်တာ​ပေါ့!

ဒါ​ပေမယ့် စု​ပေအမှန်အတိုင်းထုတ်​ပြောမှာမ
မဟုတ်ပါဘူး။

ထို့​ကြောင့် စု​ပေက​လေး​လေးနက်နက်ပုံစံနဲ့
ပြန်​ပြောလိုက်တယ်။
"မင်းဘယ်သူလဲဆိုတာ ငါမှမသိတာ"

ရဲ့လီ ရယ်လိုက်၏။
"မင်းလိမ်​နေတာပဲ"

စု​ပေက အတင်းပြန်ငြင်းသည်။
"ငါမလိမ်ဘူး!"

ရဲ့လီကဒီအ​ကြောင်းကို ထပ်ပြီးဂရုစိုက်မ​နေ​တော့
ဘူး။ထို့အစား အခြားအ​ကြောင်းကို ပြောလာတယ်...
"မင်းရှစ်ဖူဘာလို့စိတ်ဆိုးသွားလဲဆိုတာ မင်း
သိလား"

စု​ပေသည်ရဲ့လီကို သတိအ​နေအထားဖြင့်ကြည့်
ကာ ,
"မင်းငါ့အ​​ပေါ်တစ်ခုခုလုပ်ခဲ့တာလား"

ရဲ့လီကချက်ချင်းဝန်ခံလိုက်၏။
"ဟုတ်တယ်...ငါမင်းရဲ့သိုင်းပညာ​ကို
ပြောင်းလဲ​ပေးလိုက်တာ"

စု​ပေသည်တစ်ခဏ​လောက်​တောင့်ခဲသွားကာ,
"မင်းငါ့ရှစ်ဖူဖြစ်လာတာ​တော့ မဟုတ်ဘူးမလား"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Where stories live. Discover now