[Unicode]
《ငါဆွဲဆောင်ရမယ့်လူကြီးကအရမ်းယုတ်မာတယ်!》
နောက်တစ်နေ့နံနက်ခင်းမှာဖုန်းရှင်းလန်တစ်ယောက်သူ့ရုံးခန်းမှာထိုင်ပြီးအလုပ်လုပ်နေသည်။
သူ့အတွင်းရေးမှူးမလေးကငြင်သာစွာတံခါးခေါက်ပြီး သူခွင့်ပြုလိုက်တဲ့အခါအခန်းထဲကိုဝင်လာသည်။သူမကသူ့ရှေ့တည့်တည့်ရပ်နေကာ ပြောစရာစကားရှိနေပေမယ့် သူမboss ကိုကြည့်ကာ ထိုအကြောင်းအရာပြောပြဖို့ရာတွန့်ဆုံ့နေခဲ့သည်။
နည်းနည်းကြာတော့ ဖုန်းရှင်းလန်စိတ်မရှည်တော့ပဲမျက်မှောင်ကြုပ်ကာသူ့အတွင်းရေးမှုးမလေးကိုပြောလိုက်သည်။
"ပြောစရာရှိတာမြန်မြန်ပြောစမ်း!"သူမBoss စိတ်မရှည်တော့တာကိုသိလိုက်ရတဲ့အတွက်သူမတုန်တုန်ရီရီနဲ့ပြောပြရရှာသည်။
"ဟို...ဥက္ကဌကိုယ်တိုင်...အောက်ထပ်ကို...လိုက်ကြည့်လိုက်တာကပိုသင့်တော်မယ်ထင်တယ်"သူမပြောလိုက်တာနဲ့ ဖုန်းရှင်းလန်ရုံးခန်းအပြင်သို့ သူမကိုတောင်မစောင့်ဘဲ ထွက်သွားသည်။သို့ရာတွင်သူသည် အောက်ထပ်သို့သွားရာလမ်းတစ်လျှောက်မှာအေးစက်စက်အငွေ့အသက်တွေကိုလည်း မမေ့မလျော့ထုတ်လွှတ်သွားသေးသည်။
ဓါတ်လှေကားပွင့်သွားတာနဲ့ သူ့ရှေ့ကမြင်လိုက်ရသည့်မြင်ကွင်းတစ်ခုကြောင့် ဖုန်းရှင်းလန်မျက်နှာတစ်ခုလုံးမဲမှောင်သွားလေသည်။
နှင်းဆီတွေ...နှင်းဆီတွေမြောက်မြားစွာဓါတ်လှေကားအပြင်ဘက်ကခန်းမကြီးထဲမှာပြန့်ကြဲနေတယ်။ရနံ့ပြင်းလွန်းတဲ့နှင်းဆီအနံ့တွေကြောင့် သူစိတ်ရှုပ်သွားတယ်။ဒါ့ပြင်နှင်းဆီတွေကလည်းအရောင်မျိုးစုံ!!.....အဆိုးဆုံးကလား အဲ့ဒီ့မြောက်များစွာသော နှင်းဆီအရောင်ပေါင်းစုံကြောင့် သူဓါတ်လှေကားအပြင်ဘက်ကိုခြေချစရာနေရာမကျန်တော့တာဘဲ။ဒီဖြစ်ရပ်ကိုတင်စားပြောရမယ်ဆိုရင်တော့ ဒါက " နှင်းဆီပင်လယ်ကြီး! "
ဧည့်ကြိုစာရေးမလေးက ကတ်လေးတစ်ကတ်ကိုင်ပြီးသူမ boss ဆီရောက်ဖို့ ဒီနှင်းဆီပင်လယ်ကြီးကိုဖြတ်လာခဲ့ရတယ်။သူမက ဖုန်းရှင်းလန်ကို ကြောက်ရွံ့နေသောလေသံလေးနဲ့ စကားပြောပြီး သူမကိုင်လာတဲ့ကတ်လေးကိုလှမ်းပေးလိုက်သည်။
"ဥက္ကဌ ဒီကတ်က Mr.စု ဆီကပါ သူကဥက္ကဌကိုပေး ပေးဖို့ပြောလို့ပါ"
CZYTASZ
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomansEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...