《117》[မိသားစု အရှုပ်​တော်ပုံ]

6.8K 1K 29
                                    

[Zawgyi]

ဟန်စန်းရီ၏လည်ချောင်း ခြောက်ကပ်သွားကာ
သူ့မျက်လုံးများကလည်း မည်းမှောင်သွား၏။
"မစ္စတာစုကအမြဲတမ်း ဒီလိုလုပ်တတ်တာလား"

စုပေသည် အဝတ်စိုတွေအကုန်လုံးနီးပါး
ချွတ်ပြီးသလောက်ဖြစ်နေကာ ဟန်စန်းရီကို
ပြန်ပြောလိုက်သည်။
"ဘယ်လို?"

တစ်ချိန်တည်းမှာပဲ ဟန်စန်းရီသည်သူ့နောက်ကျောကို
စူးစိုက်ကြည့်နေကြောင်း စုပေခံစားရ၏။
စုပေ နောက်ပြန်လှည့်ကာ ဟန်စန်းရီကိုစိန်းစိန်းဝါးဝါးပြန်ကြည့်သည်။
"ငါ့ကို အဝတ်အစားတွေပေး"

ဟန်စန်းရီသည် သူကိုင်ထားသောအင်္ကျီများကို စုပေထံ
ပေးလိုက်ရင်း စုပေ၏အသားအရည်ကိုကြည့်ကာ
ဒီနူးညံ့သည့်အသားအရည်လေးကို ထိကြည့်
ခွင့်ရလိုက်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ......
"မစ္စတာစုက ပိုပိုပြီးရဲတင်းလာတာပဲ"

748 :"ဆွဲဆောင်ခြင်းယူနစ်ဘားတန်း 3% တိုးလာပါသည်။တိုးတက်မှုဖြစ်စဉ် 63% ပါ"

ဟန်စန်းရီ၏အင်္ကျီများက ကြီးနေသဖြင့် စုပေ
ဝတ်လိုက်သည့်အခါ ကလေးက လူကြီးအဝတ်တွေကို
ဝတ်ထားသကဲ့သို့ ဖြစ်နေသည်။

သို့သော် အခြားရွေးချယ်စရာ အဝတ်အစားမရှိတော့။
ထို့ကြောင့် စုပေ မကျေမနပ်ပြောချင်နေသည့်
စကားလုံးများကို ပြန်မျိုချလိုက်သည်။

"မဟုတ်ပါဘူး။ငါက ဘယ်လိုလုပ်မင်းရှေ့မှာ
ရဲတင်းရဲမှာလဲ"

ဟန်စန်းရီ ပြုံးလိုက်၏။
"ငါကတော့ မင်းငါ့ရှေ့မှာရဲတင်းနေတာကို မြင်တယ်"

စုပေက ရှည်ကျနေသည့် သူ့အင်္ကျီလက်စကို
ဆွဲတင်လိုက်ရာ သူ့လက်မောင်းသားဖြူဖြူလေး
ပေါ်လာသည်။
"တစ်စုံတစ်ယောက်ကို ငါ့အိမ်ကအဝတ်အစားတွေ
သွားယူခိုင်းလို့ရမလား"

ဟန်စန်းရီက စုပေ၏လက်မောင်းသားကိုစိုက်ကြည့်ကာ အဓိပ္ပါယ်အပြည့်ပါစွာဖြင့် ,
"ရပါတယ်"

စုပေ၏နှုတ်ခမ်းထောင့်စွန်း တွန့်သွားကာ ,
"ကောင်းပါပြီ"

အဝတ်အစားတွေ လဲပြီးသွားတဲ့ချိန်မှာ သူ့ကိုရေကန်
ထဲဘယ်သူတွန်းချလဲဆိုတာ စုပေစဉ်းစားချိန်ရသွား
ပြီ။သူ့ကို ဘယ်သူတွန်းချလိုက်လဲဆိုတာတော့
သူမတွေ့ဘူး..ဒါပေမယ့် ထိုသူ့ရဲ့အင်္ကျီစလေးကိုတော့ ဖြတ်ခနဲတွေ့လိုက်တယ်။အဲ့တာက
ကျောင်းဝတ်စုံနှင့် အနည်းငယ်ဆင်တူသည်။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Nơi câu chuyện tồn tại. Hãy khám phá bây giờ