《125》[မိသားစု အရှုပ်​တော်ပုံ]

4.1K 746 5
                                    

[Zawgyi]

ဟန်စန်းရီ၏မျက်နှာထားသည် မုန်တိုင်းတိုက်တော့မလို
ခက်ထန်သွားသည်။
"မင်းငါ့ကိုလွန်ဆန်ဖို့ကြိုးစားနေတာလား"

ဖေဖေကလည်း ကြမ်းတမ်းစွာပြန်ပြော၏။
"ဟုတ်တာပေါ့ ဟန်စန်းရီ...မင်းလက်ထဲမှာ ဂျင်မြို့တော်
တစ်ခုလုံးရှိနေတဲ့အတွက် ဘယ်သူကမှမင်းကို
မလွန်ဆန်ရဲဘူး။ဒါပေမယ့်အဲ့လိုဆိုတာနဲ့ပဲ ငါ့သားကို
ပျက်စီးအောင်လုပ်တဲ့ မင်းလက်ထဲမထည့်ပေးနိုင်ဘူးကွ!"

ဟန်စန်းရီသည်သူ့ခေါင်းကိုလှည့်ကာ ဒရမ်မာထိုင်ကြည့်
နေသည့်စုပေကိုကြည့်လိုက်သည်။
"ငါမင်းကိုပျက်စီးအောင်လုပ်မိသလား"

စုပေမျက်တောင်ခတ်လိုက်သည်။
"ငါ့ကိုအမှန်အတိုင်းပြောစေချင်လား ဒါမှမဟုတ်
လိမ်ညာစေချင်လား"

ဟန်စန်းရီ၏မျက်လုံးအစုံမှေးကျဉ်းသွား၏။
"မင်းဘာပြောလိုက်တယ်"

စုပေသည် တစ်ခုခုကိုတွေးတောလိုက်ဟန်ဖြင့် ,
"မင်းငါ့ကိုမိန်းမအဝတ်အစားတွေ အတင်းဝတ်ခိုင်းတာက ငါ့ကိုပျက်စီးအောင်လုပ်တာပဲမဟုတ်ဘူးလား"

ဟန်စန်းရီ၏နှုတ်ခမ်းတွန့်သွား၏။ဒီလူလိမ်လေးက
တော့ သတ္တိရှိလာပြီပဲ!

ထိုစကားကိုကြားပြီးနောက် ဖေဖေစုကပိုပြီး
ဒေါ်သထွက်သွားချေသည်။
"ဟန်စန်းရီ!မင်းအရမ်းများသွားပြီ!စုပေက
ယောက်ျားလေးတစ်ယောက်...မင်းမိန်းမတစ်
ယောက်လိုချင်ရင် ဂျင်မြို့တော်မှာအများကြီးရှိတယ်ကွ!"

ဟန်စန်းရီသည် သူ့စကားကိုအရေးမလုပ် စုပေကိုသာ
တိုက်ရိုက်မေးလိုက်သည်။
"မင်းအိမ်ပြန်ချင်လို့လား"

စုပေချက်ချင်းခေါင်းခါလိုက်သည်။
"မပြန်ချင်ဘူး"

ဟန်စန်းရီသည် စုပေ၏အဖြေကိုအလွန်ကျေနပ်သွားကာ
ဖေဖေစုအားပြန်ပြောလိုက်သည်။
"ခင်ဗျားကိုယ်တိုင်ကြားမယ်လို့ထင်ပါတယ်...ဒါကသူ့
ဆုံးဖြတ်ချက်ပဲ"

ဖေဖေစုအလွန်စိတ်ဆိုးသွားသည်။
"မင်း!"

နောက်ဆုံးမှာတော့ ဘာမှမတတ်နိုင်သည့်အတွက်
စိတ်လျော့ကာ အိမ်သို့ပြန်သွား၏။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Donde viven las historias. Descúbrelo ahora