ဥက္ကဌ၏ချစ်သူ​ကောင်​လေး

17.5K 2.5K 33
                                    

{Unicode}

《မင်းမသိဘူးလား ငါကအ​ရေထူလွန်းတယ်​လေ!》

ဖုန်းရှင်းလန် နှုတ်ခမ်း​ထောင့်​လေးတွန့်ကာ ပြုံးလိုက်တယ်။
"စု​ပေတော်​တော်​လေး ဗိုက်ဆာ​နေတယ်ထင်တယ် အဲ့တာ​ကြောင့်သူ့ကိုသာ​ကျွေးလိုက်ပါ"

ဒီစကားကိုကြားပြီး စု​ပေ​တော်​တော်​လေး​ကြောက်သွားတယ် ပြီး​တော့သူအစားအများကြီးစားထားတဲ့အတွက်​ကြောင့် လေချဥ်​တောင်တတ်လိုက်​သေး​ပေမယ့် သူချက်ချင်းသူ့ပါးစပ်​လေးသူပိတ်ပြီး ဖုန်းရှင်းလန်ကိုပြုံးပြလိုက်တယ်။
မရက်စက်ပါနဲ့​တော့ သူအများကြီးစားပြီး​နေပြီ ထပ်မစားနိုင်​တော့ဘူး။

ဒါ​ပေမယ့်လည်း ​နောက်ဆုံးမှာ​တော့ သူ့ရဲ့မကျက်တဲ့​ပေါက်စီ​တွေအကုန်စားပြီးတာ​တောင် ဖုန်းရှင်းလန်​ပြောတဲ့အတိုင်း ချင်းကွမ်း​ရှောင်လုပ်ထားတဲ့ စွပ်ပြုတ်​တွေပါ​သောက်လိုက်ရသည်။ဒါ​တောင် သူစွပ်ပြုတ်​သောက်​နေတဲ့အချိန်မှာ ချင်းကွမ်း​ရှောင်ရဲ့ သတ်ဖြတ်​တော့မလိုမျက်​စောင်း​တွေ မ​ရေတွက်နိုင်​အောင်ရရှိလိုက်တယ်....သူမသာနဂါးဆိုရင် စု​ပေ​တော့ပြာကျ​တော့မှာပဲ တကယ်​တော့ သူလည်းနစ်နာသူပါ အတင်း​စေခိုင်းခြင်းခံရတာပါ ​ကျေးဇူးပြုပြီး မျက်​စောင်း​တွေစွတ်မထိုးပါနဲ့အမိရဲ့.......

စု​ပေ အကုန်စားပြီးသွားတဲ့အခါမှာ ဖုန်းရှင်းလန်ကို​မျှော်လင့်ချက်ပြည့်​နေ​သောမျက်ဝန်းများဖြင့်ကြည့်လိုက်တယ်။ သူစားပို့နင့်​အောင်​တောင်စားပြီး ဒုက္ခခံခဲ့ရတာ လာစမ်းပါ ယူနစ်ဘားတန်း​လေးမှာ ရာခိုင်နှုန်းနည်းနည်း​လောက်တက်လိုက်စမ်း!! သူဒီ​လောက်​တောင် အနစ်နာလိုက်ရတာ ရာခိုင်နှုန်းနည်းနည်း​လောက်​​တော့တတ်​ပေးသင့်တယ်....

စု​ပေ ဘလင်းဘလင်း ထ​နေတဲ့မျက်လုံး​တွေကိုကြည့်ပြီး ဖုန်းရှင်းလန်သူ့​ခေါင်း​လေးကိုမပွတ်​ပေးဘဲမ​နေနိုင်ဘူး။
"အခုက​ ​တော်​တော်​နောက်ကျ​နေပြီ သွားအိပ်​တော့"

ထို့​နောက်တွင်​တော့ စု​ပေ​မျှော်လင့်ထားတဲ့အတိုင်း system 748 ၏​ကြေညာချက်ထွက်လာသည်။
"ဆွဲ​ဆောင်ခြင်းယူနစ်ဘားတန်း မှာ 5% မြင့်တက်သွားပါပြီ စုစု​ပေါင်း 39% ကို​​ရောက်ရှိသွားပါပြီ"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Tempat cerita menjadi hidup. Temukan sekarang