[Zawgyi]
စုရီက ပြောတယ်။
"ကိုယ်စားအုပ်ချုပ်သူနဲ့အမတ်ချုပ်ကြီးတို့က
အင်ပါယာရဲ့အာဏာကို ခြိမ်းခြောက်နိုင်တဲ့အတွက်
သတ်ပစ်သင့်တယ်!"စုပေ အော်လိုက်တယ်။
"မင်းက အင်ပါယာလား ငါကအင်ပါယာလား?"
ခွေးမသား!မုချင်းဟန်သေသွားရင် ငါက ဘယ်လိုလုပ်
မစ်ရှင်ကိုအောင်မြင်နိုင်မှာတုန်း!သူသေတာနဲ့
ငါလည်း မစ်ရှင်ကျရှုံးပြီ!ဒေါသတကြီးဖြစ်နေတဲ့ စုပေကိုကြည့်ရင်း
စုရီတစ်ခွန်းပဲပြောနိုင်တော့တယ် ,
"အရှင့်အကျိုးတွက်ပါ"စုပေ သူ့ကိုအော်ထုတ်လိုက်တယ်။
"သူ့ကိုသွားရှာ!သူ့ကိုရှာမတွေ့မချင်း ပြန်မလာနဲ့"စုရီက နှိမ့်ချလွန်းတဲ့လေသံနှင့် ပြောလိုက်သည်။
"အခု အင်ပါယာရဲ့အာဏာကိုပြည့်ပြည့်ဝဝပြန်ရ
ပါပြီ။အကယ်၍ အရှင်မင်းကြီးသာ မုချင်းဟန်ကို
ကြိုက်ရင် အရုပ်လေးအဖြစ်တော်ကောက်လိုက်လို့
ရပါတယ်"စုပေ မျက်နှာမဲသွားသည်။
"ထွက်သွားစမ်း!"စုရီထွက်သွားသည့်အခါ စုပေခေါင်းကိုက်လွန်းသဖြင့်
ထိုင်ခုံပေါ်မှီချလိုက်ရသည်။သူ့ကို နည်းနည်းစိတ်ချမ်း
သာစေတာကတော့ system ကနေ မုချင်းဟန်တကယ်
သေသွားလို့ ယူနစ်ဘားတန်းကျသွားပြီ ဆိုပြီး
မကြေညာသေးတာပဲ။တကယ်တော့ စုပေအလွန်
စိတ်မသက်မသာဖြစ်မိသည်။သူ အင်ပါယာရဲ့
အာဏာကို အပြည့်အဝထိန်းချုပ်နိုင်သွားပေမယ့်
မုချင်းဟန်ကတော့ ပျောက်သွားသည်။အာဏာအားလုံးပြန်ရပြီဖြစ်သဖြင့် ဧကရီကို
အပယ်ခံနန်းဆောင်သို့ ပို့လိုက်သည်။ဒီကိစ္စနဲ့
ပတ်သက်ပြီး စုပေနဲ့စုယုရန်ဖြစ်ခဲ့ရသေးသည်။
ဒါကပုံမှန်ပဲလို့ စုပေထင်သည်။ပြီးတော့ စုယုက
စမ်းသပ်တာကိုအောင်မြင်သဖြင့် နောက်ဧကရာဇ်
တစ်ပါးဖြစ်လာဖို့ သင့်တော်တယ်။မုချင်းဟန်က စုပေမှာလျှိ့ဝှက်ကတ်အနေနဲ့သံစစ်သည်
တွေရှိနေမှန်း မမျှော်လင့်ထားခဲ့ဘူး။
သူ နည်းနည်းရယ်ချင်မိသည်။စုပေက သူ့အပေါ်
မတွက်ချက်ဘူးလို့ ထင်ခဲ့ပေမယ့် သူ့အထင်မှားခဲ့
သည်။ထို့ကြောင့်လည်း သူတုံ့ဆိုင်းခြင်းမရှိဘဲ
မြစ်ထဲကို ခုန်ချခဲ့တာဖြစ်သည်။သူသာ အသက်ရှင်
နိုင်ခဲ့မယ်ဆိုရင် သေချာပေါက် စုပေကိုပြန်ပေးဆပ်
ခိုင်းမည်။

ČTEŠ
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...