[Zawgyi]
စုနင်းတစ်ခုခုလုပ်မှာကို စုပေမကြောက်တော့ပါဘူး။
အခုဆို သူ့လက်ထဲမှာ သံစစ်သည်တွေနဲ့ အခြားစစ်အင်
အားတွေရှိပါတယ်။အကယ်၍ မင်းသားနင်းသာ
တစ်ခုခုကြံစည်ခဲ့ရင် သူ့အတွက်ပြန်လမ်းမရှိတော့ပါဘူး။ပြီးတော့ စုပေက စုလီကိုထီးနန်းအမွေဆက်ဆံသူ
အဖြစ်လျာထားပြီးပါပြီ။သူက မွေးနေ့ပွဲနဲ့ပတ်သက်သည့်ကိစ္စအားလုံးကို
ယောင်ယောင်နှင့်လွှဲထားပြီး သူကတော့ ညီလာခံမှာ ကိစ္စရေးရာများကို ဆောင်ရွက်နေခဲ့သည်။
ပြောရရင် အမတ်တွေတင်ပြတာကို ဖတ်ရှုပြီး
မှတ်ချက်ချရတာပါပဲ။မျက်စိတစ်မှိတ်အတွင်းမှာပဲ
မွေးနေ့ပွဲကျရောက်လာကာ စုပေလည်း စုနင်းလို့
ခေါ်တဲ့မင်းသားကိုမြင်တွေ့လိုက်ရသည်။သူ့အသွင်အပြင်က စုပေနဲ့ဆင်သည်။ဒါပေမယ့်
သူ့မျက်လုံးတွေမှာ နက်ရှိုင်းပြီး ယုတ်ညံ့မှုတစ်ချို့
ကိုတွေ့ရသည်။ထို့အပြင် မျက်နှာလုံအောင်ဖုံးထားသည့် အမျိုးသမီးတစ်ယောက်ကိုလည်း
သူနှင့်အတူ ခေါ်ဆောင်လာသည်။ဒါပေမယ့်လည်း သူ့ခန္တာကိုယ်အချိုးအစားကို
ကြည့်လိုက်တာနဲ့တင် ဇာတ်လိုက်မလုကျင်းယောင်
မှန်းသိသည်။သူတို့ပြဿနာတစ်ခုခု မရှာမချင်း
စုပေကလည်း သူမကိုဖော်ထုတ်လိုက်မှာမဟုတ်ပါဘူး။
ထို့ကြောင့် သူ မသိချင်ယောင်ဆောင်နေလိုက်သည်။ညနေခင်း တည်ခင်းဧည့်ခံတဲ့ပွဲမှာ လူများစွာက
လက်ဆောင်ပစ္စည်းအမျိုးမျိုးကိုပေးကြတယ်။
အကုန်လုံးက အကောင်းဆုံး ဆိုတဲ့အရာတွေပဲ
ဖြစ်တဲ့အတွက် စုပေအကုန်လက်ခံယူလိုက်သည်။
မင်းသား စုနင်းကတော့ လက်ဗလာနဲ့ပါ။
"ကျွန်တော်မျိုး လူတိုင်းရဲ့ရှေ့မှာပဲ
အရှင်မင်းကြီးအတွက် လက်ဆောင်ကိုဆက်သပါ့မယ်"စုပေ စိတ်ထဲတွင် : "သူတော့ပြဿနာစရှာပြီ"
ဒါပေမယ့် စုပေ သူ့အတွေးတွေကို အပြင်ထုတ်မပြပါဘူး။သူက ရယ်မောလိုက်ရင်းသာ ပြောလိုက်တယ်။
"မင်းသားနင်းရဲ့ လက်ဆောင်ကဘယ်လိုမျိုးလဲ
ဆိုတာ ကိုယ်တော်သိချင်လိုက်တာ"မင်းသားနင်းက သူ့လက်မောင်းကိုဖွင့်လိုက်ကာ ,
"ဟုတ်တာပေါ့ တစ်နိုင်ငံလုံးပဲ"
![](https://img.wattpad.com/cover/238122483-288-k595407.jpg)
VOUS LISEZ
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
Roman d'amourEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...