《58》[အင်ပါယာအရှင်သခင်]

9.4K 1.8K 31
                                    

[Zawgyi]

စုပေအလျင်အမြန်ထွက်ခွာဖို့ လုပ်ပေမယ့်
လုကျင်းယောင်ကသူ့ကိုနောက်ကနေ
သိုင်းဖက်ထားသည်။
"အရှင်မင်းကြီး ဘယ်သွားမလို့လဲ , ညနက်နေပြီလေ,
ကျွန်တော်မျိုးမကိုပဲ အရှင့်အိပ်ရာထက် ခစားခွင့်ပြု
လိုက်ပါ"

စုပေ သူမအထိအတွေ့ကိုခံစားမိတာကြောင့်
ရှက်သွေးဖြာလာပေမယ့် ဝမ်းနည်းစွာပင်
ရှက်တာကလွဲလို့ အခြားဘာခံစားချက်မှမရှိကြောင်း
သူသိသွားသည်။သူလုကျင်းယောင်ကို
အဝေးသို့တွန်းထုတ်လိုက်ချင်ပေမယ့်
ထူးဆန်းသည့်အမွှေးနံ့ကြောင့် သူ့မျက်လုံးတွေ
မှုန်ဝါးလာသည်။

လုကျင်းယောင်ရဲ့ အသံကသူ့နားထဲမှာ
ကြားနေရတုန်း သူတွန်းထုတ်လိုက်ချင်ပေမယ့်
သူ့ခန္တာကိုယ်မှာအားတစ်စက်မှ မရှိတော့ဘူး။
တစ်ဖြည်းဖြည်းချင်း သူ့အသိစိတ်ကို
ွအမှောင်ထုက ဝါးမြိုသွားသည်။
လုကျင်းယောင်က သတိမေ့နေသည့်
စုပေကိုကြည့်လိုက်ကာ အဝတ်တွေကိုပြန်ဝတ်လိုက်ပြီး
ပိုင်နိုင်သွားပြီဆိုသည့် အမူအရာဖြင့်
အေးစက်စွာပြုံးလိုက်သည်။

ထို့နောက် စုပေကိုအိပ်ရာပေါ်သေချာတင်လိုက်ပြီး
သူ့အဝတ်အစားတွေကိုချွတ်လိုက်သည်။
တစ်ဝက်လောက်ချွတ်ပြီးသောအခါ
သူမ စုပေခန္တာပေါ်ရှိအနီရောင်အမှတ်အသားတွေကို
မြင်လိုက်ရသည်။လုကျင်းယောင်က ဒါတွေကို
ယောင်ယောင်ချန်ခဲ့တာလို့ ထင်လိုက်တယ်။
သို့ပေမယ့် ဒီအမှတ်အသားတွေက သူမရဲ့
အယောင်ဆောင်ကိစ္စအပေါ် ကူညီနိုင်သည်ဟုလည်း
တွေးလိုက်သည်။

ထို့နောက် သူမဖယောင်းတိုင်မီးကိုမှုတ်လိုက်ကာ
သူမရဲ့ညည်းညူသံတွေက အမှောင်ထုထဲကနေ
ထွက်ပေါ်လာသည်။မုချင်းဟန်ကလည်း
သူ့လူတွေဆီကနေ ဧကရာဇ်အိပ်ခန်းထဲက
ဖယောင်းတိုင်မီး ငြိမ်းသွားပေမယ့် လုကျင်းယောင်ကအခုထိထွက်မလာသေးဘူးလို့
ကြားသိလိုက်ရသည်။သူ တစ်ခုခု
မှားနေပြီဟု ခံစားမိသည်။

သူချက်ချင်းပဲ နန်းတော်ထဲဝင်ကာ
စုပေအိပ်ခန်းဆောင်၏ တံခါးကိုကန်ဖွင့်လိုက်သည်။
လုကျင်းယောင်က သူမခန္တာကိုယ်ကို မြန်မြန်ဂွမ်းစောင်
နှင့် ပတ်လိုက်ပြီး သူမလက်ကိုမြှောက်ကာ
စုပေနှာခေါင်းကိုပွတ်သပ်လိုက်သည်။
ထို့နောက် အားနည်းနေသော လေသံဖြင့်
"ဘယ်သူလဲ"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Nơi câu chuyện tồn tại. Hãy khám phá bây giờ