[Zawgyi]
စုပေလည်ပင်းညစ်ခံထားရသည့်အတွက် ခေါင်းမူးလာ
သည်။
"ငါမင်းညီမအလောင်းဘယ်မှာရှိလဲဆိုတာ ပြောနိုင်တယ်"
မုချင်းဟန် စုပေကိုအမှိုက်တစ်စကဲ့သို့ လွှတ်ပြစ်လိုက်သည်။
"မင်းငါ့ကိုအရူးမလုပ်ရင်ကောင်းမယ် , မဟုတ်ရင် ငါ
ဒီနိုင်ငံရဲ့ဧကရာဇ်ကိုနောက်တစ်ယောက်ပြောင်းပစ်လိုက်
မယ်။မင်းသိပါတယ် ငါ့အတွက်ဒီလိုပြောင်းလဲဖို့တာ သိပ်မခက်ဘူးဆိုတာကိုပေါ့"စုပေချောင်းဆိုးလိုက်ကာ , "မဟုတ်ဘူး ငါမင်းကိုတကယ်
မလိမ္ဘူး"
ထို့နောက်သူ 748 ကိုခါးသီးသည့်မျက်နှာဖြင့်မေးလိုက်
သည်။ "ငါဆွဲဆောင်ရမယ့်ဇာတ်ကောင်တွေက ကမ္ဘာတိုင်း
မှာဒီလိုရက်စက်တတ်တာလား"
748 ကသူ့ကိုသွေးအန်သွားစေမယ့်အဖြေပြန်ပေးတယ်။
"ဒါကတော့ host ရဲ့ကံကောင်းမှုအပေါ်မူတည်တယ်"အမြဲကံမကောင်းတတ်သူဖြစ်သည့် စုပေကတော့
စိတ်ဓာတ်ကျကာ ချက်ချင်းပါးစပ်ပိတ်သွားသည်။
ထိုအချိန်တွင် ယောင်ယောင်မြေပြင်ပေါ်မှထကာ သူ့ပါးစပ်မှသွေးများကို
သုတ်လိုက်သည်။ထို့နောက် မုချင်းဟန်ကို စိမ်းစိမ်းကားကားကြည့်ကာ ,
"နင်အရှင်မင်းကြီးကိုနာကျင်အောင် ငါလုပ်ခွင့်ပေးမှာမဟုတ်ဘူး"မိန်းမတစ်ယောက်ထံမှကာကွယ်ပေးမှုကို ခံလိုက်ရသည့်
အတွက် စုပေနှလုံးသားထဲမှာနည်းနည်းမသက်မသာ
ခံစားသွားရသည်။သူယောင်ယောင့်ခေါင်းလေးကို ပွတ်
ပေးရင်းစိတ်မပူပါနဲ့ပြောဖို့လုပ်တဲ့အချိန် သူမက
သူ့ထက်တောင်အရပ်ရှည်နေတာကို တွေ့ရှိသွားသည်။
သောက်ခွေးနဲ့မှ!! စုပေဘာမှမဖြစ်သကဲ့သို့ သူ့လက်ကိုပြန်
ရုတ်လိုက်ကာ ,
"ကိုယ်တော်အဆင်ပြေပါတယ် ယောင်ယောင် မင်းအရင်
ပြန်နှင့်လိုက် ကိုယ်တော်မင်းကိုနောက်မှလာတွေ့လိုက်
မယ်"ယောင်ယောင်စုပေကို ခိုင်မာတည်ကြည်သည့်မျက်လုံးများ
ဖြင့်ကြည့်လိုက်ကာ , "ကျွန်တော်မျိုးမကိုလည်း အရှင်နဲ့အတူလိုက်ခွင့်ပေးပါ"
စုပေတိတ်တိတ်လေးဇာတ်ကြောင်းကို ပြန်လည်တွေးတော
လိုက်သည်။ယောင်ယောင်ကရက်စက်တတ်ပေမယ့်
ဧကရာဇ်အပေါ်ထားရှိသည့်အချစ်ကတော့ စစ်မှန်သည်။
မုချင်းဟန်ကသူတို့စကားပြောဆိုနေတာကို အထင်သေး
သည့်အကြည့်ဖြင့်အေးစက်စက်ပြုံးကာ ကြည့်နေသည်။
أنت تقرأ
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
عاطفيةEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...