[Zawgyi]
ညနေခင်းရောက်တဲ့အချိန်မှာ စုပေလည်း
ညစာစားပွဲကိုတက်ရောက်ခဲ့တယ်။ဂန္တဝင်သီချင်းသံ
များနှင့် ရှန်ပိန်ကိုင်ထားသည့်လူများကို နေရာအနှံ့တွေ့
ရသည်။အမျိုးသမီးများက Cheongsam (သို့မဟုတ်)
အနောက်တိုင်းဂါဝန်များကို ဝတ်ဆင်ထားကြသည်။စုပေက ရှန်ပိန်တစ်ခွက်ကိုကိုင်ကာ လက်ရန်းတစ်ခုအပေါ်မှာ
မှီနေခဲ့သည်။ထို့နောက် လက်တစ်ဖက်က
သူ့ပုခုံးပေါ်သို့ရောက်လာသည့်အတွက် စုပေ
ချက်ချင်းပဲဖယ်ရှားပစ်လိုက်သည်။ထိုလူက
စုပေဝတ်ဆင်ထားသည့်အမဲရောင် suit ပေါ်မှ
သူ့လက်ကိုဖယ်ရှားလိုက်ကာ ကျိန်ဆဲတော့သည်။"စုပေ...မင်းစိတ်လွတ်နေတာလား"
ထို့နောက် စုပေဘာဖြစ်သွားလဲဆိုတာ သတိပြုမိသွား
တယ်။ဒီလူက မူလခန္ဓာကိုယ်ပိုင်ရှင် စုပေရဲ့
သူငယ်ချင်း ကျောက်ကျစ်အန်း ပဲ။မိန်းမလိုက်စားသည့်
သူတစ်ယောက်လည်းဖြစ်သည်။စုပေက သူ့ကို
တစ်ချက်ကြည့်လိုက်ကာ ,"မင်းအနံအသက်က မကောင်းဘူး။ငါ့အနားမကပ်နဲ့"
ကျောက်ကျစ်အန်း ကစုပေကို အထက်အောက်
လှည့်ပတ် ကြည့်ကာ ,"အိုး.. မင်းငါ့ကိုမုန်းနေတာလား"
"အာ...မင်းမနေ့က ဖန်းမုနဲ့ရင်းနှီးတဲ့ဆက်ဆံရေး
ရှိသွားတယ်မဟုတ်ဘူးလား...ဆိုတော့ ဘာဆက်ဖြစ်
ကြလဲ"ဘာဆက်ဖြစ်သွားလဲဆိုတော့ သူသေတော့မလို
ဖြစ်သွားတယ်လေ...စုပေက ပြုံးကာ ပြောလိုက်တယ်။
"မင်းခန့်မှန်းကြည့် "ကျောက်ကျစ်အန်းက ကနေကြသည့် လူတွေကိုစိုက်
ကြည့်ကာ ,"ငါ့မှာအချိန်မရှိဘူး...ငါလှပတဲ့မိန်းကလေးတစ်ယောက်ကို
ကြိုက်မိသွားပြီ...နောက်မှတွေ့ကြတာပေါ့"စုပေက သူ့လက်ကိုဝှေ့ယမ်းလိုက်ကာ ,
"သွားတော့"မကြာခင်မှာပဲ ဟန်စန်းရီက ဖန်းမုကိုခေါ်ကာ
ရောက်ရှိလာခဲ့တယ်။ဟန်စန်းရီက
Suit ကိုဝတ်ထားကာ အပြင်ဘက်ကနေဝတ်ရုံရှည်ကို
ထပ်ဝတ်ထားတယ်။လူတိုင်း၏အကြည့်က
သူ့အပေါ်သို့ကျရောက်နေခဲ့သည်။
YOU ARE READING
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...