《51》[အင်ပါယာအရှင်သခင်]

9.6K 1.7K 75
                                    

[Zawgyi]

မုချင်းဟန် သည် စုပေ၏အထက်စီးဆန်စွာ
ပြောသောပုံစံကိုကြည့်ရင်း ရင်ထဲတွင်ကလိကလိဖြစ်လာသည်။
အထူးသဖြင့် မက်မွန်ပန်းပွင့်မျက်လုံးလေးနှင့်ခဏဆုံချိန်
သူ့နှလုံးသားလေးထဲ ကလိကလိဖြစ်လွန်းလို့ နှလုံးရောဂါရ
မတက်ပင်။
748 : "ဆွဲဆောင်ခြင်းယူနစ်ဘားတန်း 5% တိုးလာပါသည်။တိုးတက်မှုဖြစ်စဉ် 49 % ပါ"
ထိုအသံကြား၍ စုပေ မုချင်းဟန်ကိုလှည့်ကြည့်လိုက်သည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်တော်ဘာလုပ်သင့်တယ်လို့
မောင်မင်းထင်လဲ"

မုချင်းဟန် နှုတ်ခမ်းဟကာ မတုန်မလှုပ်လေသံဖြင့်
ပြောလိုက်သည်။
"အရှင်မင်းကြီး ဒီကိစ္စကစပါးသီးနှံရိပ်သိမ်းတဲ့
နေရာမှာ တော်တော်လေးအကျိုးသက်ရောက်တဲ့အတွက်
ပြည်သူတွေက ညည်းညူကြလိမ့်မယ်
လို့ကျွန်တော်မျိုးထင်တယ်။ဒါကြောင့် ကျွန်တော်မျိုး
တို့ ပြည်သူတွေကျေနပ်အောင် ရန်ပုံငွေနဲ့အစားအစာ
တွေကို ခွဲဝေပေးသင့်တယ်။တံတားတွေ လမ်းတွေပျက်စီး
တာကိုတော့ ဒေသခံအရာရှိတွေက ပြုပြင်ပေးသင့်
ပါတယ်"

အမတ်ချုပ်အိုကြီးက သူ့မုတ်ဆိတ်မွှေးကိုဆွဲနှုတ်မိတော့ မလိုတောင် ဖြစ်သွားသည်။ဒါကလည်း မုချင်းဟန်အပြော
ကြောင့်ဖြစ်သည်။ချုံကျို့မြို့ရှိ ဒေသခံအရာရှိတွေက
သူ့တပည့်တွေဖြစ်တဲ့အတွက် သူကကယ်ဆယ်ရေး
အတွက်ငွေတွေကို အချောင်ခိုးယူလို့ရသည်လေ။

ဒါပေါ့...မုချင်းဟန်ကလည်းရည်ရွယ်ချက်ရှိရှိ
မေးလိုက်ခြင်းဖြစ်သည်။သူက စုပေကိုဒီကိစ္စနဲ့ပတ်သက်
ပြီးဘယ်လိုဆုံးဖြတ်မလဲ စမ်းသပ်လိုက်တာဖြစ်သည်။

စုပေ အစီအရင်ခံပေလွှာဖြင့် မုချင်းဟန်ကိုပစ်ပေါက်လိုက်သည်။
စုပေ ထင်တာမုချင်းဟန်ရှောင်လိမ့်မယ်ပေါ့ ထို့ကြောင့်လည်း သူရဲရင့်စွာပစ်ပေါက်လိုက်ခြင်းဖြစ်သည်။
သူမမျှော်လင့်ထားတာကတော့ မုချင်းဟန်ကမရှောင်
လိုက်တဲ့အတွက် အစီအရင်ခံပေလွှာက မုချင်းဟန်ခေါင်းကိုတန်းနေအောင်
သွားထိသည်။ညီလာခံတစ်ခုလုံး ကြောက်ဖို့ကောင်း
လောက်အောင် တိတ်ဆိတ်သွားသလို စုပေလည်း
ကြောက်လန့်သွားသည်။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Donde viven las historias. Descúbrelo ahora