[Zawgyi]
သူ့ခန္တာကိုယ်ကိုဆက်မထိန်းနိုင်တော့သဖြင့် စုပေတံခါးကို
မှီလိုက်ကာ အလေးချိန်တစ်ချို့ကိုမျှဝေလိုက်တယ်။
"မင်းက ကိုယ်တော်ထက်ပိုပြီးရှာဖွေနိုင်ပါတယ်"
ထိုစကားအရ အခုစုပေကသူ့အတွက်သံသယဝင်စရာအချို့
ရှာဖွေပေးခဲ့ပြီးပြီ , နောက်ပိုင်းကိစ္စတွေကိုမိမိကိုယ်တိုင်
ဆက်လက်ရှာဖွေသင့်ကြောင်း အရိပ်အမွက်ပြခြင်း
ဖြစ်သည်။သူက မုချင်းဟန်ရဲ့လုပ်ဖော်ကိုင်ဖက်မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် သူကလူသတ်သမားမဟုတ်။သူ့မှာ
ကိုယ်ပိုင်အသိစိတ်ကောင်းရှိလို့သာ ပါဝင်ကူညီနေခြင်း
ဖြစ်သည်။မုချင်းဟန်၏အမြင်တွင် သူကပိုပိုပြီးတော့ထူးခြားဆန်းကြယ်လာသည်။
"အရှင်မင်းကြီး ကျွန်တော်မျိုးကို ဖြေရှင်းချက်ပေးမယ်
လို့မပြောခဲ့ဘူးလား"
စုပေကလည်း မျက်နှာအရေထူစွာပြုမူသည်။
"ကိုယ်တော့်မှာ ကျန်းမာရေးပြဿနာရှိနေတဲ့အတွက်
မင်းကိုယ်တိုင်ပဲလုပ်ရမှာမို့ စိုးရွံ့မိပါတယ်"
မုချင်းဟန်လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။
"ကျွန်တော်မျိုးအရှင်မင်းကြီးကိုပြန်ပို့ပေးဖို့ လိုအပ်ပါ
သလား"
စုပေသေချာပေါက် သူ့ဦးဆောင်မှုနောက်ကိုလိုက်မှာဖြစ်သည်။
"သေချာတာပေါ့!ငါနာကျင်တွေဖြစ်လာတာက မင်းနဲ့လည်း
သက်ဆိုင်နေတယ်လေ"မုချင်းဟန်လှောင်ပြုံးပြုံးလိုက်သည်။နောက်ဆုံးတော့
စုပေသူ့ပုံဏ္ဍာန်အမှန်ကိုထုတ်ပြလာပြီလား??သူက
သူ့ကိုဆေးခတ်ပြီး အကူအညီတောင်းခံချင်နေတာလား။
"ဒါဆိုသွားကြစို့"
စုပေ လမ်းလျှောက်လိုက်တိုင်းအဆင်မပြေသလိုခံစားရ
သဖြင့် အရှက်မဲ့စွာမေးလိုက်သည်။
"ကိုယ်တော့်အတွက် ထမ်းစင်လေးဘာလေးကူရှာပေးပါ
လား"
မုချင်းဟန် နောက်သို့လှည့်၍ စုပေကိုကြည့်ပြီးအပြုံးတုကြီးပြုံးပြလိုက်သည်။
"အရှင်မင်းကြီးက စံပြပုဂ္ဂိုလ်တစ်ယောက်အနေနဲ့
ပြည်သူတွေကိုငွေကြေးအများအပြား
မသုံးစွဲတတ်စေဖို့ ပြသသင့်ပါတယ်။မပူပါနဲ့ ကျွန်တော်မျိုးလည်းအရှင်နဲ့အတူတူ
လမ်းလျှောက်မှာပါ"စုပေ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။
ရက်စက်လိုက်တာ!!
"748 , ငါတိုင်ကြားလို့ရလား!"
သူဒီခွေးsystem နဲ့ပတ်သက်ပြီး ကွန်ပလိမ်းတက်ချင်
သည်။ဖြစ်ခဲ့တဲ့အရာအားလုံး ဒီကောင်ကြောင့်ဖြစ်တာ!!
"ဒီsystem က host လိုအပ်ချက်တွေကိုသာ
ဖြည့်စည်းပေးနိုင်ပါတယ်"
748 ၏စက်ရုပ်လေသံကိုကြားလိုက်ရသည်။
ပြောချင်တဲ့သဘောက စုပေကွန်ပလိမ်းတက်ချင်ရင်
ကိုယ့်ကိုကိုယ်သာပြန်တက်၍ရသည်။
![](https://img.wattpad.com/cover/238122483-288-k595407.jpg)
ESTÁS LEYENDO
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...