《63》[အင်ပါယာအရှင်သခင်]

9.6K 1.7K 18
                                    

[Zawgyi]

စုယုက မတုံးအတဲ့အတွက် သူ့အဖိုးဆိုလိုသည့်
အဓိပ္ပါယ်ကို နားလည်ပါသည်။သူ့အဖေကိုအတင်း
ထီးနန်းစွန့်ခိုင်းကာ သူ့ကိုနန်းတက်စေချင်နေတာ
ဖြစ်သည်။ဒီနေ့သူ့အဖိုးကို သူစိမ်းတစ်ယောက်လို
ခံစားရသည်။သူ ပြောလိုက်တယ်။
"အဖိုး ကျွန်တော်ကငယ်သေးတယ်"

အမတ်ချုပ်ကြီးက သူ့စကားတွေကို လျစ်လျူရှူ
ထားသည်။ကလေးတစ်ယောက်က ဘယ်လောက်ထိ
နားလည်မှာမို့လိုလဲ??

စုပေက မထိတ်လန့်သွားပါဘူး။စုပေက သိမ်မွေ့စွာ
ပြောလိုက်တယ်။
"ကိုယ်တော်သဘောမတူဘူးဆိုရင်ရော......"

အမတ်ချုပ်ကြီးက သရော်လိုက်သည်။
"ဒါဆိုလည်း မင်းကိုထီးနန်းချဖို့ ပုန်ကန်တာကို
အပြစ်မတင်နဲ့ပေါ့"

စုပေ နှုတ်ခမ်းသပ်လိုက်သည်။
"မြို့တော်အပြင်ဘက်မှာ တပ်ဆွဲထားတဲ့ စစ်တပ်က
ဒီထဲကိုဝင်လာနိုင်မယ်လို့ အမတ်ချုပ်ကြီးထင်လား"

အမတ်ချုပ်ကြီးကလည်း သူ့လိုပဲအလျင်မလို
ပါဘူး။
"အရှင်မင်းကြီးက မုချင်းဟန်ကိုအားကိုးနေတာမလား.. အကယ်၍မုချင်းဟန်မရှိတော့ဘူး ဆိုရင်ရော..."

စုပေ နှလုံးသားက ထိတ်လန့်မှုကြောင့်
ခြောက်ခြားသွားသည်။အမတ်ချုပ်ကြီးရဲ့
ပထမဆုံးလှုပ်ရှားမှုက မုချင်းဟန်ကိုထောင်ချောက်
ဆင်လိုက်တာပဲဖြစ်ရမည်။ဒါပေမယ့် သူ့တည်ငြိမ်မှုက
မပျောက်ပျက်သွားပါဘူး။သူ တည်ငြိမ်စွာပဲပြော
လိုက်သည်။
"ကိုယ်တော်က မုချင်းဟန်အပေါ်ပဲမှီခိုနေတယ်လို့
အမတ်ချုပ်ကြီးက ထင်တာလား"

အမတ်ချုပ်ကြီး မျက်လုံးများကျဉ်းမြောင်းသွားကာ
စုပေအမူအရာကိုကြည့်ပြီး အကဲခတ်နေသည်။
"အရှင်မင်းကြီးမှာ ကျွန်တော်မျိုးနဲ့ယှဉ်နိုင်မယ့်
အရည်အချင်းရှိမယ်လို့တော့ မထင်ပါဘူး"

စုပေ တောက်ပစွာပြုံးပြလိုက်သည်။
"အို...တကယ်လား...ကိုယ်တော့်ခမည်းတော်
တောင် နဲ့ မြောက်စစ်ပွဲမှာ ဘယ်လိုတိုက်ခိုက်
ခဲ့လည်း မင်းမေ့သွားပြီလား"

အမတ်ချုပ်ကြီး မျက်ခုံးတွေတွန့်သွားကာ
လေးနက်သည့် လေသံထွက်လာသည်။
"သံစစ်သည်တွေ!"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Donde viven las historias. Descúbrelo ahora