《133》[တုံးအလှတဲ့ တပည့်​လေး]

3.6K 561 8
                                    

[Unicode]

စု​ပေ ,"ငါက ခေါင်း​ဆောင်မှမဟုတ်တာ...သူဘာဖြစ်မလဲဆိုတာ ငါဘယ်လိုလုပ်သိမှာလဲ"

ရဲ့လီ၏အသံက ချက်ချင်းပြောင်းလဲလာကာ ,
"ငါမင်းကိုလွှတ်​ပေးလို့ရပါတယ် ဒါ​ပေမယ့်
မင်း ဝူလင်းမဟာမိတ်အဖွဲ့အစည်း[1]ရဲ့​
ခေါင်း​ဆောင်ကို​ သတ်​ပေးရမယ်"

စု​ပေက ပြင်းပြင်းထန်ထန်ငြင်းဆိုလိုက်တယ်။
"မဖြစ်နိုင်ဘူး...ငါကသတ္တိ​ကြောင်တဲ့သူ
တစ်​ယောက်ဆို​ပေမယ့်သမာသမတ်ကျတဲ့
သူတစ်​​ယောက်ပဲ"

ရဲ့လီကနက်နက်ရှိုင်းရှိုင်းပြုံးလိုက်ရင်း ,
"ဒါဆို မင်းက​သေချင်​နေတယ်​ပေါ့"

စု​ပေ ခေါင်းခါလိုက်သည်။
"ငါအသက်ရှင်ချင်တယ်!"

ရဲ့လီက သူ့လက်ကိုခါယမ်းလိုက်ကာ စု​ပေကို
ပစ်ထုတ်လိုက်သည့်အတွက် စု​ပေ၏​ကျောနှင့်
သစ်ပင်ကို​စောင့်မိသွားရာ စု​ပေအတွင်းဒဏ်ရာ
ရသွား၏။

ရဲ့လီက ရက်စက်စွာ​ပြောလိုက်သည်။
"မင်းငါနဲ့လာညှိနှိုင်းရဲတယ်​ပေါ့"

စု​ပေသည် သွေးတစ်လုပ်အန်ထုတ်လိုက်ကာ
ခက်ခက်ခဲခဲနဲ့​ပြောလိုက်တယ်။
"ကျွန်​တော်မလုပ်ရဲပါဘူး"

နောက်တစ်စက္ကန့်တွင် ရဲ့လီသည်စု​ပေ​ရှေ့သို့
ရောက်လာကာ စု​ပေ၏​ကျော​ပေါ်သို့ ခြေ​ထောက်ဖြင့် နင်းချလိုက်တယ်။
"ဝူလင်းမဟာမိတ်​ခေါင်း​ဆောင်ရဲ့တပည့်ကို
အ​ရေခွံချွတ်ပြီး သူတို့အဝင်ဂိတ်တံခါးချိတ်
ဆွဲထားဖို့က မှားယွင်း​တဲ့ဆုံးဖြတ်ချက်တော့
မဟုတ်လောက်ဘူးထင်တယ်။"

စု​ပေ သွေးတစ်လုတ်ထပ်အန်ထုတ်လိုက်ကာ
သူ့အမြင်အာရုံမည်း​မှောင်ကျသွား​တော့မလို
ခံစားလိုက်ရတယ်။
"မလုပ်ပါနဲ့...ငါနာကျင်ရမှာ​ကြောက်တယ်"

ရဲ့လီရယ်လိုက်တယ်။
"သိတ္တိ​ကြောင်လိုက်တာ"

စု​ပေက သူ့စကားအတိုင်း ထပ်​ပြောလိုက်တယ်။
"ဟုတ်တယ်...ကျွန်​တော်က သူရဲ​ဘော​ကြောင်
တဲ့သူ"

ရဲ့လီတစ်ခါမှ ဒီလိုမျိုးကိုယ့်ကိုကိုယ်နားလည်တဲ့
သူရဲ​ဘော​​ကြောင်တဲ့သူတစ်​ယောက်ကို
မမြင်ဖူးခဲ့ဘူး။ဒါ​ပေမယ့် ဒီတစ်​ယောက်က
ပျော်စရာ​​​တော့ကောင်းသားပဲ...

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Où les histoires vivent. Découvrez maintenant