《53》[အင်ပါယာအရှင်သခင်]

10.1K 1.7K 30
                                    

[Zawgyi]

သို့သော် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေ
ပေမယ့် နာကျင်မှုကျရောက်မလာပေ။ထို့ကြောင့်
စုပေ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ
မုချင်းဟန်က အပြုံးတုကြီးနှင့် သူ့ကိုကြည့်နေတာမြင်လိုက်ရသည့်အတွက်
စုပေ နှုတ်မှလွှတ်ခနဲ ထွက်သွား
သည်။
"မင်း မထွက်သွားသေးဘူးလား"
မုချင်းဟန်က ပြန်ဖြေတယ်။
"ကျွန်တော်မျိုးသာ ထွက်သွားခဲ့ရင် အရှင်မင်းကြီး
အသက်လေး လုံခြုံသွားမှာ မဟုတ်ဘူးနော်"

စုပေ ခေါင်းညိမ့်ပြလိုက်ကာ မျက်နှာချိုသွေး
လိုက်ဖို့လည်း မမေ့ဘူး။
"အဲ့တာကြောင့် ကိုယ်တော်ပြောပါတယ်။
မင်းက လူကောင်းပါလို့"
တကယ်တော့ မုချင်းဟန်ကိုယ်တိုင်လည်း
ဘာကြောင့် သူ့ကိုကူညီမိလိုက်မှန်းမသိဘူး။
သူက စုပေကိုထိခိုက်အောင် လွှတ်ထားသင့်တယ်ဆိုတာ
ရှင်းနေတဲ့ဟာ...
တကယ်ဆို သူ့နံရံကိုဖြိုချဖို့ စုပေကိုယ်တိုင်သူ့ဆီလာ
သင့်တယ်ဆိုပေမယ့် သူကသာ လာခဲ့ရသည်။

လုပ်ကြံသူကို ဖမ်းမိခဲ့ပေမယ့် ထိုသူက ပါးစပ်တွင်းငုံထားသော အဆိပ်ကိုသောက်ကာ ကိုယ့်ကိုကိုယ်သတ်
သေသွားသည်။ဒါက အမတ်ချုပ်မြေခွေးအိုကြီး
လုပ်မှန်းသေချာသည့်အတွက် စုပေပျင်းစရာ
ကောင်းတယ်လို့တောင် ခံစားမိသည်။
ရုတ်တရက် စုပေ မျက်ဖြူလှန်ပြလိုက်ကာ သူ့ပုခုံးကို
ဖိလိုက်တော့သည်။
"အိုးးးနာလိုက်တာ..ငါဒဏ်ရာ ရသွားပြီ"

ထို့နောက် စုပေ မျက်ဖြူစိုက်ပြလိုက်ကာ
မုချင်းဟန်လက်မောင်းကြားထဲ လှဲချလိုက်တော့
သည်။မုချင်းဟန် မသိစိတ်အရလက်ကိုဆန့်လိုက်ကာ
သူ့ကိုထိန်းကိုင်လိုက်ပြီး ချက်ချင်းပြုံးလိုက်သည်။
ဒီမြေခွေးလေးကတော့!
748 : "ဆွဲဆောင်ခြင်းယူနစ်ဘားတန်း 10% တိုးလာပါသည်။တိုးတက်မှုဖြစ်စဉ် 64% ပါ"
အမတ်ချုပ်ကြီးကနေ သူ့ကိုလုပ်ကြံတယ်ဆိုထဲက
မြောက်ပိုင်းဒေသကနေပြီး သူ့ကိုအခွင့်အရေး
ပေးလိမ့်မယ်။

နောက်တစ်နေ့ ဧကရာဇ်မင်းကြီး လုပ်ကြံခံရ၍
သတိလစ်နေသည် ဟူသောသတင်းစကားက
နန်းတော်တစ်ခုလုံး ကိုပြန့်သွားသည်။
သူ့အသေခံလူတွေ ဆုံးရှုံးထားသည့်
အမတ်ချုပ်ကြီးက ထိုသတင်းကြားတော့ ဆက်တောင်
မထိုင်နိုင်တော့ဘူး။ဧကရာဇ်မင်းကြီး သတိလစ်သွားပြီ
ဆိုကတည်းက စောင့်နေဖို့ကိုမလိုတော့တာ။
ထိုသတင်းမှားလား ၊ မှန်လား သိရအောင်
သူနန်းတော်ကိုသွားပြီး စစ်ဆေးကြည့်ရမည်။
အမတ်ချုပ်ကြီးက သူ့စိတ်ထဲကအတိုင်း ချက်ချင်း
နန်းတော်သို့ဝင်ကာ လူနာလာကြည့်သည်
ဟူသော ခေါင်းစဉ်ဖြင့် ဧကရာဇ်ကိုကြည့်ဖို့သွားခဲ့သည်။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Where stories live. Discover now