《99》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]

8.4K 1.3K 3
                                        

[Zawgyi]

ရှောက်ချင်းရန်ကလည်း တစ်ခါတစ်လေဆို
သူ့လူနာတွေနဲ့တွေ့နေလေ့ရှိသည်။ဘယ်လိုပဲ
ဖြစ်ဖြစ် ဘဝဆိုတာလွင်ပြင်ကြီးတစ်ခုပါပဲ။
သူ့မိဘများနှင့်ပတ်သက်ပြီးကတော့ သူတို့ကို
စုပေသေချာရှင်းပြပြီးသားပါ။

မေမေစုက
ရှောက်ချင်းရန်ကိုရှိသမျှစကားလုံးများနှင့် ကျိန်ဆဲခဲ့တယ်
ဆိုပေမယ့် သူမသားကသူ့ကိုနှစ်သက်နေသ၍ မေမေစုအတွက် ပြဿနာမရှိပါဘူး။သူမက သူမကလေးကို
အရမ်းအလိုလိုက်ပါတယ်!

စုပေကတော့ နေ့တိုင်း
ဒီလိုမျိုးပဲရှိနေရင်ကောင်းမယ်လို့ တွေးသည်။
တစ်ဖြည်းဖြည်းနဲ့ သူ နေ့တိုင်းပိုပိုပြီးအိပ်ချင်လာသည်။သူ့ခန္ဓာကိုယ်တစ်ခုခုဖြစ်ပြီထင်၍
ဆေးရုံသွားချင်ပေမယ့်
ရှောက်ချင်းရန်ကတော့ ငြင်းပယ်ခဲ့သည်။

သူ့ဘဝကပိုပြီးသက်တောင့်သက်သာရှိလာကာ
နေ့တိုင်းအိပ်နေရ၍ ဒီလိုဖြစ်လာတာလို့ ရှောက်ချင်းရန်ကထင်နေသည်။ဒါက ကျိုးကြောင်းစီလျော်သည်ဟု
စုပေကလည်းထင်၍ ဒီကိစ္စကို
သူ့စိတ်ထဲထပ်မထားတော့ဘူး။ဒီလိုနဲ့ တစ်ညမှာတော့
မတော်တဆရှောက်ချင်းရန်ပေးသည့်
လိမ္မော်ဖျော်ရည်ကို စုပေ မှောက်ချလိုက်မိသည်။

သူ့အပေါ် ရှောက်ချင်းရန်အရမ်းဂရုစိုက်နေတာကို သိပ်မလိုချင်၍ သူ့ဘာသာသူပဲနောက်တစ်ခွက်ဖျော်သောက်
လိုက်သည်။သို့ပေမယ့် ထိုညလယ်လောက်မှာ
စုပေနိုးလာကာ သူ့ဘေးနားမှာရှောက်ချင်းရန်
ရှိမနေခဲ့ဘူး။နေ့တိုင်း နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်လာခဲ့တာကို ဘာလို့ရုတ်တရက်ကြီး
ဒီညလယ်မှာနိုးလာရတာလဲ။

သူနိုးနေပြီဖြစ်နဲ့အတွက်
စုပေ ရေချိုးခန်းသို့သွားလိုက်သည်။သူအခန်းထဲကနေ
ပြန်ထွက်တော့မယ့်အချိန်မှာ တစ်စုံတစ်ယောက်၏
အသံကိုကြားလိုက်ရ၍ တုန်လှုပ်သွားသည်။သူ
ထိုနေရာသို့သွားစစ်ဆေးကြည့်သင့်ရဲ့လားဆိုတာ တုံ့ဆိုင်းနေမိသည်။

နောက်ဆုံးမှာတော့
စပ်စုချင်စိတ်က အကြောက်တရားကို အနိုင်ယူ
သွားသည်။ဒါမှမဟုတ်ရင်လည်း ဒီကမ္ဘာက
supernatural ကမ္ဘာမဟုတ်တဲ့အတွက်
သရဲတွေမရှိဘူးဆိုတာ ယုံကြည်နေလို့လည်း
ဖြစ်နိုင်သည်။ထို့ကြောင့် အသံထွက်ပေါ်နေတဲ့
နေရာကိုသွားခဲ့တယ်။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![Book I]Where stories live. Discover now